Karenni State News

0 0
Read Time:1 Minute, 57 Second

မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်းသေဆုံး ပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ် တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂ လက်သိမ်း ဆည်း ရရှိခဲ့ ကြောင်း Kayan Nationla Army က ထုတ်ပြန်သည်။

 

ဧပြီလ ၁၈ ရက် ညပိုင်းက မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၂၂၄ တပ်ရင်းမှ စစ် သားအင်အား ၃၀ ခန့်ဖြင့် မိုးဗြဲမြိုု့တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား များကျန်ခဲ့သည့် MA -1 အမျိုးအစား သေနတ် ၂ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

​အဆိုပါ တိုက်ခိုက်မှုကို Kayan National Army အပါအဝင် ကရင်နီဒေသအခြေစိုက်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိခဲ့ ကြောင်း ၊ မိုးဗြဲမြို့တွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် မိဘပြည်သူများအနေဖြင့် အထူးသတိ ပြုသွားလာနေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *