Karen State News

0 0
Read Time:2 Minute, 24 Second

သံတောင်ကြီးမြို့နယ်မှ တောင်ငူသို့ ဆင်းလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၂

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ဘက်သို့ ဆင်းလာသော အကြမ်း ဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ကီးကူစစ်ကြောင်းထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၁ ရက် နံနက် ၁၁ နာရီခန့်က သံတောင်ကြီးမြို့နယ်မှ တောင်ငူမြို့ဘက်သို့ ဆင်း လာသော စစ်သားအင်အားပြည့်ပါ စစ်ကား ၆ စီးကို တောင်ငူ -လိပ်သို -သံတောင်လမ်းပိုင်းတနေရာ ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ခဲ့ကြောင်း သိရသည်။

“သံတောင်ကြီးဘက်ကနေ တောင်ငူဘက်ကို ဆင်းလာတာ၊ အင်အားက ကား ၆ စီးအပြည့်ပါတယ်။ စခထိခိုက်သေဆုံးမှုကတော့ အခုထိစုံစမ်းနေတုန်းပဲ၊ တောင်ငူ – လိပ်သို ၊ တောင်ငူ – သံတောင်ကြီး လမ်းပိုင်းတွေမှာ စခကင်းပုန်းတွေ ဝပ်နေတာရယ်၊ စစ်ကြောင်းထိုးနေတာတွေရယ်ရှိလို့ မိဘပြည်သူ တွေအနေနဲ့ သတိထားပြီး သွားလာနေထိုင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အကြမ်းဖက်စစ် ကောင်စီတပ် ခလရ ၃၉ တပ်ထဲသို့ လူနာတင်ယာဥ်နှစ်စီးဝင်သွားကြောင်း၊ ထိခိုက်သေဆုံးမှု အရေ အတွက် သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကီးကူစစ်ကြောင်းနှင့် KNU တပ်မဟာ ၂ တပ်ရင်း ၅ ကွန်မန်ဒို အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *