ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ စစ်တပ်ခြေကုပ်စခန်းကို လက်နက်ကြီး၊ စနိုက်ပါတို့ ဖြင့် တိုက်ခိုက် မှု စစ်သား ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၂၂
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ စစ်တပ် ခြေကုပ်စခန်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Fire Dragon P2 -3703 တပ်ရင်းထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၂၁ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်း ကျေးရွာအတွင်း ခြေကုပ်စခန်းချထားသည့် နေရာများအနက် ဒရုန်းတပ်ဖွဲ့ခြေကုပ်ယူထားသော နေရာအား တော်လှန်ရေးတပ်ဖွဲ့ဝင်များက ၆၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထို့အပြင် ညနေ ၃ နာရီ ၂၀ မိနစ်နှင့် ၃ နာရီ ၂၄ မိနစ်တို့တွင် တာပြတ်တံတား၌ ခြေကုပ်ယူ ထား သော အကြမ်းဖက်စစ်သားများကို ၆၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအပြီး တာပြတ်တံတားမှ ထွက်လာသော အကြမ်းဖက်စစ်သားများကို စနိုက်ပါ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးနဲ့ထုတာတွေက ရန်သူ့အနီးကပ်ဆုံးနေရာတွေကို ကျပါတယ်။ အခုဆိုရင် ရန်သူ ဘက်က နည်းနည်းငြိမ်သွားပြီး ကြံဘိုကုန်းနဲ့ မုက္ခမူမှာ ပြင်ဆင်မှုတွေလုပ်နေတယ်။ အင်အားတွေ ထပ်တိုးချထားတယ်” ဟု Fire Dragon P2 -3703 တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ ညနေ ၄ နာရီ ၅၈ မိနစ်တွင် အဆိုပါ တာပြတ်တံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ် သားများကို ၆၀ မမ လက်နက်ကြီးဖြင့် ၁ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ကျန်ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၇၀၃ တပ်ရင်း – P2.3703 (Fire Dragon) လက်နက်ကြီးအဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media