Bago News

0 0
Read Time:2 Minute, 20 Second

ပေါင်းတည်မြို့နယ်၊ မှတ္တိုင်တိုက်နယ်ရဲစခန်းမှ ထွက်လာသော စစ်သား ၊ ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၂

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်နယ်မြေရဲစခန်းမှ ထွက်လာသော စစ်သား၊ ရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ပေါင်းတည် PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ပေါင်းတည်မြို့နယ်၊ မှတ္တိုင်ရဲစခန်းမှ အကြမ်း ဖက်စစ်သား၊ ရဲ ၁၄ ဦးသည် ဆိုင်ကယ် ၇ စီးဖြင့် ကျောက်ကြီးတောင ဂိတ်ဘက်သို့ ရိက္ခာရှာရန် ရှေ့ ပြေး ထွက်လာစဉ် ပေါက်တောကျေးရွာနှင့် အဂ္ဂရာပြည့်ကွက်သစ်ကြား တံတားအနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မိုင်းကွင်း ၂ ကွင်း၊ မိုင်း ၆ လုံးဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား၊ ရဲ ၂ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ဆိုင်ကယ်တွေနဲ့အတူလဲကျသေဆုံးနေတဲ့ အလောင်းတွေကို ညနေ ၃ နာရီခွဲလောက်မှာ မှတ္တိုင်ရဲ စခန်းကနေ ကားနဲ့လာပြီးသယ်သွားတယ်။ ပေါက်တောဘက်ကို သယ်သွားတာပါ၊ သေတဲ့သူတွေကို ပေါက်တောတပ်ထဲမှာ သင်္ဂြိုလ်တယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ မှတ္တိုင်ဆေးရုံမှာ တင်ပို့ကုသ ထားတယ်လို့ သိရပါတယ်” ဟု အမှတ် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သ တင်းပြန်ကြား ရေးတာဝန်ခံ Shadow က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၆၀၁ တပ်ရင်းမှ ရဲ ဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်လက်အောက်ခံ ရဲများက လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *