Poem

0 0
Read Time:1 Minute, 6 Second

ကဗျာကဏ္ဍ “တော်လှန်ငလျင်”

 

ပျိုးကြဲလက်

 

ရုန်း မထွက်နိုင်ဘု

အပြုံး မပျက်ပါကွယ့်

ရုံးတက်ကာ ရင်ကော့လို့

မေးငေါ့ခဲ့ အလီလီ ။

 

ရာထူးဂုဏ် ဘဝင်ဟပ်ပြန်တော့

ရွှေအရပ် နေပြည်တော်မှာလ

ငွေမပြတ် သေရည်ကျော်နဲ့

နေရီသော် ဇိမ်ယစ်ပေါ့

လူညစ်တို့ပြည် ။

 

ပြေတလွှားမှာ အသက်ဆုံးစေကွယ့်

အနေအစားအရာ မပျက်သုဉ်းတာက

ရုံးချစ်မောင် မယ်တသိုက်ပေပေါ့

ကပ်တိုက်မှ တကျည်ကျည်

လူပလီ အညွန့်တုံး ။

 

အကုသိုလ် ကံအလှည့်ကျပြီမို့

မဟာပထဝီ မြေထုကြီးရယ်က

တုန်ဟည်းတော်လှန် လှုပ်ခါချပြန်တော့

နေပြည်ခမျာ အိမ်ဂေဟာမဲ့ပါပေါ့

မီးလောင်ပြင်ရဲ့ ကျိန်စာအလား

စည်းဘောင်မြင်ကွယ့် အချိန်ခါမှား

သူပုန်စကားသာ ယုံစားထိုက်ရင်ဖြင့်

မင်းအမိုက်ဆုံး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက် ညနေ ၆ နာရီ ၄၁ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *