Tanintharyi News

0 0
Read Time:1 Minute, 52 Second

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် ခမရ ၅၅၈ တပ်ရင်းဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၂၀

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၈ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ထံမှ သိရသည်။

 

ဧပြီလ ၁၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် အ ကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၈ တပ်ရင်း စစ်ဆေးရေးဂိတ်ကို တနင်္သာရီမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထို့သို့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ထိ ခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၆ ရက် နံနက် အစောပိုင်း ၃ နာရီခန့်တွင် တနင်္သာရီမြို့နယ်ပြည်သူ့ ကာကွယ် ရေးအဖွဲ့ (ပ.က.ဖ) တိုက်ခိုက်ရေးအဖွဲ့ မှ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက်၊ ရွှေဂဲညိုရွာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့အား ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူ စောထီးခေါင်းဆောင် ဌေးဝင်း သေဆုံးခဲ့ပြီး လက်နက် ၁၀ လက်အား သိမ်းဆည်းရရှိခဲ့သေးသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *