ထိုင်း -မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ဗျူဟာမှူးအပါအဝင် စစ်သား အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဧပြီလ ၂၀
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း -မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ထီးထ ဗျူဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗျူဟာမှူးအပါအဝင် စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲ ယမ်းများလည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း Force For Federal – FFD တပ်ဖွဲ့မှ ဒုတာ ဝန်ခံ ကိုအောင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထ ဗျူ ဟာ စခန်းကို KNU/KNLA တပ်မဟာ ၄ ဦးဆောင်မှုဖြင့် FFD တပ်ဖွဲ့၊ PDF ရဲဘော်များ နှင့် တပ်မ ဟာ ဒရုန်းသင်တန်းသားများပူပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် ဗျူဟာမှူး နှင့်အတူ စစ်သားအများအပြားသေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“ဗျူဟာမှူးအသေဖမ်းမိတယ်။ ရန်သူ့ဘက်က အကျအဆုံးစုစုပေါင်းအင်အားနဲ့ လက်နက် သိမ်း ဆည်းရရှိမှု ကတော့ စိစစ်နေဆဲဖြစ်တဲ့အတွက် သတင်းထုတ်ပြန်ချက်မရသေးပါဘူး။ ထီးထဗျူဟာ ကို KNU/KNLA တပ်မဟာ ၄ ရဲ့ စစ်ရေးဦးဆောင်မှုနဲ့အတူ ကျနော်တို့ Force For Federal -FFD တပ် ဖွဲ့၊ နောက်ပြီးတော့ PDF ၊ ကျနော်တို့ FFD အဖွဲ့ကနေ ဦးဆောင်ပြီးတော့ သင်ကြားပေးနေတဲ့ ဒရုန်း သင်တန်းသားတွေ စုပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်တယ်၊ ကျနော်တို့ တစ်ပတ်လောက်တိုက် ခိုက်ခဲ့ရတယ်။ ဗျူဟာမှူးကို အသေမိတာဖြစ်ပါတယ်။ စစ်ကောင်စီဆီကနေ လက်နက်ခဲယမ်းတွေ များစွာရရှိထားပေမယ့် ကျနော်တို့ သတင်းထုတ်ပြန်လို့မရသေးဘူး။ ဗျူဟာစခန်းဖြစ်တဲ့အတွက် အင် အား အသင့်အတင့်ရှိပါတယ်။ ဒီနေ့မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။” ဟု Force For Federal – FFD တပ်ဖွဲ့မှ ဒုတာဝန်ခံ ကိုအောင်အောင်က ပြောကြားသည်။
အဆိုပါ ဗျူဟာစခန်းကို ဧပြီလ ၁၂ ရက်နေ့ကတည်းက ပိတ်ဆို့ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗျူဟာစခန်းအတွင်း၌ အင်အား ရာဂဏန်းရှိကာ တောင်ကုန်းနေရာတစ်လျှောက် စခန်း ၃ ခုခွဲကာ တပ်စွဲထားခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂ ရက်ခန့်က ကျေးရွာအနီးရှိ ပထမစခန်းကုန်းကို ရရှိသိမ်း ပိုက်ခဲ့ကြောင်း၊ထို့နောက် ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ Y12 ၊ K-8W ၊ Mi 17 ရဟတ်ယာဉ်တို့ဖြင့် ပစ်ကူပေးတိုက်ခိုက်မှုရှိခဲ့ပြီး ထီးခီးဒေသနေပြည်သူများမှာ နိုင်ငံဘက်သို့ ထွက် ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။
“ဒီတိုက်ပွဲက ကျနော်တို့ ဒရုန်းသင်တန်းသားတွေကို သင်ကြားပြီးပြီးချင်း မြေပြင်လက်တွေ့ ဝင် ရောက်တိုက်ခိုက်ပြီးတော့ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။ ကျနော်တို့ FFD တပ်ဖွဲ့အနေနဲ့ကလည်း တနင်္သာရီတိုင်းမှာရော နောက်ထပ်အခြားဒေသတွေမှာပါ ရဲဘော်သစ်တွေစုဆောင်းနေတယ်။ ဒရုန်း နဲ့ဖြစ်စေ၊ နည်းပညာနဲ့ဖြစ်စေ၊ မိမိတတ်ကျွမ်းတဲ့အတတ်ပညာနဲ့ဖြစ်စေ ၊ မြေပြင်ချေမှုန်းရေးအနေနဲ့ ဖြစ်စေ ကျနော်တို့တပ်ဖွဲ့နဲ့အတူ ပါဝင်ပြီး စစ်အာဏာရှင်ကို တော်လှန် ချင်တယ်၊ ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုကို အတူတကွ ထောင်ချင်တယ်ဆိုရင် ကျနော်တို့ရဲ့ Page မှာ လာရောက် ဆက်သွယ်ပြီးတော့ ရဲဘော်သစ်လျှောက်ထားလို့ရတယ်ဆိုတာ ပြောချင်ပါတယ်” ဟု Force For Federal – FFD တပ်ဖွဲ့မှ ဒုတာ ဝန်ခံ ကိုအောင်အောင်က ပြောဆိုသည်။
Thanlwin Myanmar Media