War Crimes News

0 0
Read Time:3 Minute, 9 Second

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေး ငယ်များအပါအဝင် ၂၄ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံးမီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၉

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၄ ဦးသေဆုံးပြီး ၃၀ ဦးဒဏ် ရာရရှိကာ နေအိမ် ၂၅ လုံးမီးလောင်ပြာကျခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ မှ သိရသည်။

 

ယနေ့ ဧပြီလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်က သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို အကြမ်း ဖက်စစ်ကောင်စီ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၂၀၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၄ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် နေအိမ် ၂၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“သပိတ်ကျင်း၊ရေထွက်ရွာကို မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တစ်စီးနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံးကြဲသွားတာပါ။ နေအိမ် ၂၅ လုံးမီးလောင်ပျက်စီးခဲ့ပြီး ဒဏ်ရာရ ၃၀ ဦးနဲ့ သေဆုံး ၂၄ ဦးရှိပါ တယ်၊ သေဆုံးတဲ့အထဲမှာ ကလေးတွေလည်း ပါဝင်ပါတယ်၊ ဒဏ်ရာရ ၃၀ ဦးကလည်း ထပ်တိုးရှိနိုင် ပါတယ်” ဟု ပြင်ဦးလွင်ခရိုင် ပကဖမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် ငလျင်ဘေးဒဏ်သင့်သူများကို ဝမ်းနည်းသည်ဟုဆိုကာ အပစ်အခတ် ရပ်စဲရေးကို ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သော်လည်း နေ့စဉ်ရက် ဆက် ပြည်သူလူထုနေထိုင်ရာကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ထို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်း၊ လက်နက်ကြီများဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရသော ပြည်သူ ရာချီရှိပြီဖြစ်ပြီး နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ စာ သင်ကျောင်းများလည်း ထိခိုက်ပျက်စီးမှုအများအပြားရှိကြောင်း သိရသည်။

 

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်နိုင်ရန် လေကြောင်းအန္တရာယ် ကာကွယ်ရေးနည်းလမ်းများ လိုက်နာကြပေးကြရန်၊ အိမ်တိုင်းအိမ်တိုင်း ဗုံးခို ကျင်းများ တူးထားပေးကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *