Sagaing News

0 0
Read Time:1 Minute, 49 Second

ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသော သံခွန်တစ်စီးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၉

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကာကျေးရွာအနီးတွင် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာ သော သံခွန်တစ်စီးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီခန့်က ဧရာဝတီမြစ်အတိုင်းစုန်ဆင်းလာသော ဝေလ်မာ သကြား သံခွန်တစ်စီးကို ဝက်လက်မြို့နယ် ၊ ရှိမ်းမကားကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ပစ်ခတ်တားဆီးခဲ့ရာ သံခွန်အနီး၌ ကပ်ပါလာသော မော်တော်ရေယာဉ် ၁ စီးအား ကျည်များမှန်ခဲ့ကြောင်း သိရသည်။

ထို့သို့ ကျည်ထိမှန်မှုကြောင့် မတ္တရာမြို့နယ် ၊ ရှင်လှကျေးရွာနေ အသက် ၃၁ နှစ်အရွယ် အမျိုးသား ၁ ဦး ထိမှန် သေဆုံးပြီး အသက်၂၇ အရွယ်အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ပြည်သူလူထုကို ရန်သူအဖြစ်သတ်မှတ်ကာ ပစ်မှတ်ထား ၍ တိုက်ခိုက်နေသော မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့်ဝေးရာ တွင် နေထိုင်ပေးကြပါရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *