သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို စစ်တပ်ကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁၃ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၁၉
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက် နံနက် ၁၀ နာရီ ၈ မိနစ်က သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထးကာ အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာ ရှမ်းတဲလေတပ်တက်လာသော ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီး ၁ လုံးကြဲချတိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ထို့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာ နေအိမ် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူထုနေထိုင်ရာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ပစ် မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ် ကောင်စီတပ်သားများနှင့်ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုးကျင်းများတူးထားကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။
Thanlwin Myanmar Media