မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်နည်း အပြင်းအထန်ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေး
သံလွင်မြန်မာသတင်း
ဧပြီလ ၁၉
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်သားများကို ခုခံတိုက် ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ ၊ အမှတ် ၁ ဗျူဟာ – PDF သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။
ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၅ နာရီခန့်က မိုးဗြဲမြို့တွင်းသို့ အင်အား ၁၀၀ ခန့်ဖြင့် ထိုးစစ်ဆင်လာ သော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၂ တပ်ရင်းမှ တပ်သားများကို တော်လှန်ရေး ပူးပေါင်းတပ် ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲအပြင် ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း အပြင်း အထန် ဒဏ်ရာရရှိကာ အထိနာပြီး ခမရ ၄၂၂ တပ်ရင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
“တိုက်ပွဲကတော်တော်ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။ မနက် ၈ လောက်ရီလောက်မှာ စခတွေ ပြန် ဆုတ်သွားတာပါ။ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီကျော်ကျော်လောက်ကြာခဲ့ပါတယ်။ နယ်မြေ ရှင်းလင်းရေးမလုပ်ရသေးတော့ သေဆုံးတဲ့အရေအတွက်ကတော့အတိအကျမသိရသေးပါဘူး။ လော လောဆယ်တော့ လေယာဉ်နဲ့လည်း လာကျဲတယ်လို့ ထပ်ပြီးသိရတယ်။ အသေးစိတ်တော့ မသိရ ဘူး” ဟု ရှမ်းတောင်စစ်ဒေသခွဲ ၊ အမှတ် ၁ ဗျူဟာ – PDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ခုခံတိုက်ခိုက်မှုကို ရှမ်းကရင်နီစစ်တိုင်းဒေသ ၊ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် ၁ ဗျူဟာ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် အခြားသောမဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိကာ ဂျန်ပါမိ၍ ဒရုန်း ၁ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ပျက်စီးဆုံးရှူံးခဲ့ရသော အမှတ် ၁ ဗျူဟာ ဒရုန်းအား အမြန်ဆုံးပြန်လည်ဝယ်ယူနိုင်ရန်အတွက် ပြည် တွင်းပြည်ပရှိ ထောက်ပို့မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် အချိန်မရွေး တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာလိုပါက မြေ ပြင်အခြေနေကို စုံစမ်းမေးပြီးမှသာ ဖြတ်သန်းသွားလာကြပါရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media