CDM News

0 0
Read Time:2 Minute, 6 Second

စစ်ကိုင်းတပ်မ ၃၃ သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သား ၂ ဦးကို ကယ်ထုတ်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၉

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သား ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲထံမှ သိရသည်။

 

ဧပြီလ ၁၇ ရက်နေ့က မတရားစစ်မှုထမ်း ဥပဒေ ဖြင့် စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားစု ဆောင်းခြင်းခံခဲ့ရသော ပဲခူးမြို့ တပ်မ ၇၇ မှ ဒုတပ်စိပ်မှူး ဖြိုးသီဟနှင့် တသ မောင်သက်တို့သည် မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ လျှပ်စီးတပ်ခွဲ ထံသို့ ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ပဲခူးမြို့ တပ်မ (၇၇) တွင် မွန်းမံ သင်တန်းသားများအဖြစ် သင်တန်းတတ်ရောက်ပြီးစီး ပြီး စစ်ကိုင်း တိုင်း အထက်ပိုင်း ဒေသ စစ်မြေပြင် များသို့ အတင်းအကြပ် စေလွှတ် ခြင်းခံရကာ စစ် ကိုင်းမြို တပ်မ (၃၃) သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ဧပြီး လ ၁၆ ရက် သင်္ကြန် အတတ်နေ့တွင် ဆက်သွယ်အကူညီတောင်းခံလာသဖြင့် နယ်မြေခံ တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက်ကာ ကူညီ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အလင်းဝင်ရောက်လာသူများကို ကယ်ထုတ်ပြီးနောက် ယနေ့ ဧပြီ လ ၁၈ ရက်နေ့တွင် သက် ဆိုင်ရာ မိသားစုများထံသို့ ပို့ဆောင် အပ်နှင်းပေးခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ ဇွဲသတ္တိပြည်စုံစွာဖြင့် ပြည်သူရင်ခွင်သို့ ခိုလှုံရန် ကြိုးပမ်းခဲ့ကြသူများကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ လျှပ်စီးတပ်ခွဲ အနေဖြင့် အသိမှတ်ပြု ကျေးဇူးအထူးတင်ရှိပါကြောင်း အသိပေးထား သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *