Bago News

0 0
Read Time:1 Minute, 40 Second

ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၉

 

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရေတွင်းကုန်းကျေးရွာကို အ ကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအပြီးတွင် ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်မှ ၁၂၀ မမ လက် နက်ကြီး ၅ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ‌‌၎င်းကျေးရွာအတွင်းသို့ ထပ်မံကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ အရပ်သား ပြည်သူ ၁ ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

 

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ပြည်သူများ သေဆုံး၊ ပျောက်ဆုံးမှု များရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူကို ကူညီ၊ ကယ်ဆယ်ရမည့်အစား နိုင်ငံ အနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *