NUG News

0 0
Read Time:4 Minute, 29 Second

စစ်ကောင်စီကင်းစင်သွားသောနယ်မြေများတွင် အပ်ချုပ်ရေးလေဟာနယ်မဖြစ်စေရန် ပြည်နယ်တွင် EROs များက တာဝန်ယူပြီး တိုင်းဒေသများကို NUG အစိုးရက တာဝန်ခွဲဝေယူထားဟု NUG အစိုးရ တရားဝင်ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၈

 

စစ်ကောင်စီကင်းစင်သွားသော နယ်မြေများတွင် အုပ်ချုပ်ရေးလေဟာနယ်မဖြစ်စေရန် ပြည်နယ်များ တွင် EROs များက တာဝန်ယူထားပြီး တိုင်းဒေသများကို NUG အစိုးရ တာဝန်ခွဲဝေယူထားကြောင်း NUG အစိုးရက တရားဝင်အသိပေးထုတ်ပြန်ထားသည်။

 

ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့က NUG အစိုးရဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အစီရင်ခံစာတွင် တရားဝင် ဖော်ပြထားခြင်းဖြစ်သည်။

 

တော်လှန်ရေးကာလ စိုးမိုးထိန်းချုပ်နယ်မြေများတွင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးသည့်နောက် အုပ်ချုပ်ရေးလေဟာနယ် မဖြစ်စေရန်အတွက် ပြည်နယ်များ၏ အုပ်ချုပ် ရေးထူထောင်မှုကို ပြည်နယ်လွတ်မြောက်ရေး အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသော သက်ဆိုင် ရာ EROs များနှင့် ပြည်နယ်အတိုင်ပင် ခံကောင်စီများက တာဝန်ယူပြီး တိုင်း (သို့မဟုတ်) ဖက်ဒရယ် ယူနစ်များ၏ အုပ်ချုပ်ရေးထူထောင်မှုကို ကနဦးအဆင့်တွင် တိုင်းဒေသများလွတ်မြောက်ရေးအတွက် အဓိကတာဝန်ယူသော အမျိုးသားညီညွတ်ရေးအစိုးရက ကမကထပြု ဆောင်ရွက်ခဲ့သည်ဟု ဖော်ပြ ထားခြင်းဖြစ်သည်။

တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေးအဖွဲ့များ အမြန်ဆုံးပေါ်ပေါက်လာရေးအတွက် သက် ဆိုင်ရာ တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ်များမှ တာဝန်ရှိသူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများသည် လိုအပ်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း အသိပေးထား သည်။

 

ပြည်နယ်နှင့်တိုင်း (သို့မဟုတ်) ဖက်ဒရယ်ယူနစ် အုပ်ချုပ်ရေးအဖွဲ့(အစိုးရ)များ ပေါ်ပေါက်လာသည့် အခါ ဖက်ဒရယ်သဘောအရ လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင် ရန် အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ကို ဖွဲ့စည်းထားကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်နှင့် အညီ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အတွင်း တိုင်ပင်ညှိနှိုင်း၍ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ အတည်ပြုချက်ဖြင့်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် ဒုတိယသမ္မတ(ယာယီသမ္မတ)၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့ ဦးဆောင်လျက်ဝန်ကြီးဌာန ၁၇ ခု၊ ပြည် ထောင်စုဝန်ကြီး ၁၆ ဦး၊ ဒုတိယဝန်ကြီး ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့တွင် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ၊ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများမှ တာဝန်ပေးစေလွှတ်သူ ၁၂ ဦး၊ နွေဦးတော်လှန်ရေးအင်အားစုများမှ တာဝန်ပေး စေ လွှတ်သူနှင့် တတ်သိပညာရှင် ၁၂ ဦး ပါဝင်ကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖွဲ့စည်းပုံကို ကြည့်လျှင် (de jury legitimacy) ခေါ်သော ၂၀၂၀ ရွေး ကောက်ပွဲ ရလဒ်အရ ပြည်သူက အပ်နှင်းသော တရားဝင်မှုနှင့် (de facto legitimacy) ခေါ်သော နယ်မြေထိန်းချုပ်မှုနှင့် ပြည်သူလူထုထောက်ခံမှုမှ ရရှိသော တရားဝင်မှု ဟူသည့် တရားဝင်မှု နှစ်ရပ် ပေါင်းစပ် ပေါ်ပေါက်လာခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *