NUG News

0 0
Read Time:7 Minute, 58 Second

တော်လှန်ရေးအင်အားစုအားလုံးနှင့်လက်တွဲပူးပေါင်းကာ စနစ်ပြောင်းရေး ဦးတည်သော ပြည်သူ့ တော်လှန်ရေးကို ဆင်နွှဲလျက်ရှိဟု NUG အသိပေး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၇

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲပူးပေါင်းကာ စနစ်ပြောင်းရေး ဦးတည်သော ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲလျက်ရှိကြောင်း ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ကျရောက်သည့် အစိုးရဖွဲ့စည်းခြင်း ၄ နှစ်ပြည့်နေ့ အစီရင်တွင် အသိပေးထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအင်အားစုအားလုံးနှင့် လက်တွဲပူးပေါင်းလျက် စနစ် ပြောင်းရေး ဦးတည်သော ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲရာတွင် တော်လှန်ရေးကာလ မဟာ ဗျူဟာ ကို ချမှတ်ကျင့်သုံး အကောင်အထည်ဖော်လျက်ရှိပြီး ပြည်ထောင်စုအတွင်း နေထိုင်ကြသည့်စုံလင်ကွဲ ပြားသော လူမျိုးများ၏ သရုပ်လက္ခဏာများ (Identities)ကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေ စီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ် များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော်လျက်ရှိသည်ဟု ဆိုသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းအား အဆုံး သတ်ရန် ၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကိုပြန်လည် အသက်သွင်းရန် ကြိုး ပမ်းမှုမှန်သမျှ တိုက်ဖျက်ရန် ၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစ နစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းရန် ၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန် နှင့် ပဋိပက္ခအတွင်း “လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိ ရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန်တို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မဟာဗျူဟာရည်မှန်းချက်ကို နည်းလမ်း ၆ ရပ်ဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး ၎င်းတို့ မှာ နိုင်ငံရေးနည်းလမ်း ၊ နိုင်ငံခြားရေးနည်းလမ်း ၊စစ်ရေးနည်းလမ်း ၊ အုပ်ချုပ်ရေးနည်းလမ်း ၊ ဘဏ္ဍာ ရေးနည်းလမ်း ၊ လူထုဆက်ဆံရေးနည်းလမ်းတို့ဖြင့် ဖော်ဆောင်လျက်ရှိကြောင်း အသိပေးထား သည်။

 

ပြည်သူ့တော်လှန်ရေးအောင်မြင်ရန်အတွက် တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေး သ ဘောတူညီချက်တရပ် ဖော်ထုတ်၍ လက်တွဲပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသည့် အားလျော်စွာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အတွင်း ဆွေးနွေးညှိနှိုင်းချက်များအရ များအရ ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် (Federal Democracy Charter) ကို တော်လှန်ရေးအစောပိုင်းကာလ ၂၀၂၁ ခုနှစ် မတ်လ ၃၁ နေ့တွင် သဘောတူထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

 

ဖက်ဒရယ်ပဋိညာဉ် အစိတ်အပိုင်း ၁ နှင့် ၂ တို့တွင် ပါရှိသော ပြဋ္ဌာန်းချက်များနှင့်အညီ “အသွင်ကူး ပြောင်းရေး ကာလဖွဲ့စည်းပုံအခြေခံဥပဒေ”ကို တော်လှန်ရေးကာလ (ကြားကာလ)တွင် ရေးဆွဲ ပြဋ္ဌာန်းရမည်ဟု ဖော်ပြထားကြောင်း၊ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ပူးပေါင်း၍ “အသွင်ကူးပြောင်းရေးကာလဖွဲ့ စည်းပုံ အ ခြေခံ ဥပဒေ” ရေးဆွဲရန် TCWG ကိုဖွဲ့စည်း၍ ၂၀၂၂ ခုနှစ် ဩဂုတ်လ မှ စတင်ကာ လုပ်ဆောင်ခဲ့သည် ဟု ဆိုသည်။

 

အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့အတွင်း၌လည်း TCPC လုပ်ငန်းများကို ဆောင်ရွက်၍ ၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ပထမမူကြမ်းကို လည်းကောင်း၊ ၂၀၂၃ခု နှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ဒုတိယ မူ ကြမ်းကို လည်းကောင်း အစိုးရအဖွဲ့၏ အစည်းအဝေးတွင် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ယင်းမှတ်တမ်းကို အမျိုး သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီထံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် နေ့တွင် တင်သွင်းခဲ့ပြီး ၂ဝ၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ပြည်သူ့ ညီလာခံတွင် TCPC က ပြင်ဆင် ရေးဆွဲခဲ့သော “အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပ ဒေ” (ပြင်ဆင်ရေး မူကြမ်း) ကို တရား ဝင်တင်သွင်းခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လ အထိ TCWG က အသွင်ကူးပြောင်းရေး ကာလဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစ၍ “ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ” (Articles of Federal Transitional Arrangement -AFTA)အဖြစ် NUG နှင့် NUCC တို့ဖြင့် ပူးပေါင်းဖွဲ့စည်း ထားသော TCWG သာမက တိုင်းရင်းသားအဖွဲ့ အစည်း ၉ ဖွဲ့နှင့် ပူးပေါင်း၍ ရေးဆွဲနိုင်ရန် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးဦးတည်လျက် တော်လှန်ရေးကာလနှင့် တော်လှန်ရေး အ လွန် အသွင်ကူးပြောင်းရေးကာလတို့တွင် လက်ခံကျင့်သုံးရမည့် ဘုံနိုင်ငံရေးရပ်တည်ချက်ကို တိုင်း ရင်း သားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (K3C+NUG)အကြား ဆွေး နွေး ညှိနှိုင်းရယူနိုင်ခဲ့ပြီး အဆိုပါရပ်တည်ချက်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

 

ယခုအခါ တော်လှန်ရေးအင်အားစု အားလုံးသဘောတူ လက်ခံသော ဘုံသဘောထားရပ် တည်ချက် ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အခြားတော်လှန်ရေးအင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးမှု များ ဆက်တိုက်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အတွင်း မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ပုံမှန် ဆက်ဆံရေးတရပ် ထူထောင်ထားရှိနိုင်စေရေးအလို့ငှာ မဟာမိတ်ဆက်ဆံရေးကော်မတီ (Alliance Relation Committee) ကို ဖွဲ့စည်းလုပ်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

 

ပြည်သူ့တော်လှန်ရေးတွင် လူထုသပိတ်လှုပ်ရှားမှုများသည်လည်း အရေးကြီးသည့် အားလျော်စွာ သ ပိတ်အဖွဲ့ခေါင်းဆောင်များနှင့်လည်း အခါအားလျော်စွာတွေ့ဆုံ၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒ၊ မဟာဗျူဟာနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အကြံပြုချက်ရယူခြင်းတို့ ဆောင် ရွက်လျက်ရှိကြောင်း ဆက်လက်အသိပေးထးသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *