Mandalay News

0 0
Read Time:2 Minute, 2 Second

နွားထိုးကြီးမြို့ပေါ်တွင် အရက်ထွက်သည့် စစ်သား ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၅

 

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့ပေါ်တွင် အရက်ထွက်ဝယ်သည့် စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ ရာသေဆုံးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

 

ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က နွားထိုးကြီးမြို့ပေါ်တွင် အ ရက်ဝယ်လာသော စစ်ကောင်စီတပ်သား၂ ဦးကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ သေနတ် အတို ၂ လက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးစလုံးနေရာမှာပင် ပွဲ ချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသွားသော စစ်သား ၂ ဦးကိုင်ဆောင်သည့် MA-11 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ၅.၅၆ ကျည် ၈၅ တောင့်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိမ်း ဆည်းကာ ဘေးကင်းစွာဖြင့် ပြည်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေး ရွာများနှင့် ဘာသာရေးအဆောက်အအုံများကို ဦးတည်၍ လေယာဉ်ဖြင့် သော်လည်းကောင်း၊ စက် တပ်လေထီးဖြင့် သော်လည်းကောင်း၊ ဟောင်ဝှစ်ဇာဖြင့်သော်လည်းကောင်း နေ့စဉ် ပစ်ခတ်၊ bone ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

 

ထို့ကြောင့် မိဘ ပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိပြုနေထိုင်ကြပါရန် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *