Magway News

0 0
Read Time:2 Minute, 13 Second

ပေါက်၊သနပ်ပင်ဇင်းရွာကို ဗုံးကြဲတိုက်ခိုက်သည့် စစ်တပ်လေထီး ၂ စီးကို ကင်း စောင့်ပစ်ချမှု စစ်သား ၁ ဦးဒဏ်ရာရ၊ စက်တပ်လေထီး ၂ စီး၏ ဗုံးကျဲမှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၅

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သနပ်ပင်ဇင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စက်တပ်လေထီး မောင်း စစ်သားကို ကင်းစောင့်ပစ်ချခဲ့ရာ ပေါင်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်လေထီးစစ်သား၏ ဗုံး ကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုုင်ပကဖက သတင်းထုတ်ပြန် သည်။

 

ယမန်နေ့ ဧပြီလ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်က သင်္ကြန်ကာလကိုအခွင့်ကောင်းယူ၍ ဆိပ်ဖြူမြို့နယ် အခြေစိုက် ကပစ ၂၂ မှ တက်လာသော စစ်တပ်လေထီးဖြင့် ပေါက်မြို့နယ် ၊ သနပ်ပင်‌‌ဇင်းရွာကို ဗုံး သီး ကြဲတိုက်ခိုက်ခဲ့သည့် စက်တပ် လေထီးနှစ်စီးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့် စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးပေါင်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ပကဖ စုဖွဲ့မှုတပ် (ပေါက်၊မြိုင်၊ကမ္မ) နှင့် လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီသည် သင်္ကြန်ကာလကို အခွင့်အကောင်းယူ၍ လူစုလူဝေးများကို အကြောင်းမဲ့ ဗုံး ကြဲခြင်း ၊ စက်တပ်လေးထီးဖြင့် ဗုံးသီးကြဲချခြင်း ၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခက်ခြင်းများ ပိုမို ပြုလုပ်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် အထူးဂရုပြုနေထိုင်ပေးကြပါရန် တိုက် တွန်းနှိုးဆော်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *