Magway News

0 0
Read Time:1 Minute, 45 Second

စလင်း-စေတုတ္တရာလမ်းပိုင်းရှိ ၁၈ မိုင်စခန်းကို သိမ်းပိုက်မှု စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက် ၅ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၅

 

မကွေးတိုင်း စလင်းမြို့နယ်၊ စလင်း-စေတုတ္တရာလမ်းပိုင်းရှိ ၁၈ မိုင်းစခန်းကုန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သုံ့ပန်း ၄ ဦးနှင့်လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းက ထုတ်ပြန်သည်။

 

ပြီးလ ၁၂ ရက်နေ့က စေတုတ္တရာမြို့ နှင့် စလင်းမြို့နယ် ဆက်သွယ်ထားသော လမ်းပိုင်း၏ မိုင်တိုင် ၁၈ တွင်ရှိသော ၁၈ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြန်အ လှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ချိန်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်း စခန်း သိမ်းတိုက်ပွဲ အတွင်း စစ်သုံ့ပန်း ၄ ဦးနှင့် MA1 အမျိုးအစားသေနတ် ၂ လက်၊ MA3 အမျိုး အစားသေနတ် ၂ လက်၊ M79 ၁ လက် နှင့်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ သိမ်းပိုက်ရရှိခဲ့ သည့် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပခုက္ကူခရိုင်အမှတ် ၂ တပ်ရင်းမှ စစ်ကြောင်းမှူး ဦးဆောင်၍၊ ပခုက္ကူ ခရိုင် အမှတ် (၆) (၇) (၁၄) (၁၅)(၁၇)တပ်ရင်းများ၊ မြိုင်ပကဖ နှင့်မင်းဘူးခရိုင်အမှတ် (၁) တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *