Bago News

0 0
Read Time:2 Minute, 39 Second

မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာ ပျူလင်မယားကို ဝင်ရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံမှုကြောင့် ပစ်ခတ်ဖမ်းဆီးရာ ပျူ ၁ ဦးသေဆုံး၊ တစ်ဦးထွက်ပြေးလွတ်မြောက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၅

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာ ပျူလင်မယားကို ဝင်ရောက်ဖမ်း ဆီး စဉ် ပြန်လည်ခုခံမှုကြောင့် ပစ်ခတ်ဖမ်းဆီးရာ ပျူ ၁ ဦးသေဆုံး၊ တစ်ဦးထွက်ပြေးလွတ်မြောက်သွား ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဧပြီလ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်က မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာနေ   စစ်တပ်လက်ကိုင်တုတ် ပျူထွန်းထွန်းဝင်းတို့လင်မယားနှစ်ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲဘော်များမှ ၄င်းတို့၏ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့သို့ ဖမ်းဆီးစဉ် ပျူ ထွန်းထွန်းဝင်းသည် နေအိမ်နောက်ဘက်မှ ခုန်ချကာ စစ်ကောင်စီတပ်က ထုတ်ပေးထားသည့် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခုခံကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ပျူထွန်းထွန်းဝင်း၏ ဇနီးဖြစ်သူမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် ပြန်လည်တိုက်ခိုက်သဖြင့် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးသွားကြောင်း သိရ သည်။

 

ပျူထွန်းထွန်းဝင်းနှင့် ဇနီးဖြစ်သူ စာဥ တို့သည် အကြမ်းဖက်စစ်ကောင်စီက ပေးထားသည့် ပျူ သင် တန်းဆင်းများ ဖြစ်ကာ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များကို စစ်ကောင်စီထံ ပေးပို့၍ ဖမ်းဆီးခြင်း၊ မမှန်မကန်သတင်းများပေး၍ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီတပ်နှင့်ပူး ပေါင်းကာ ပြည်သူလူထုအပေါ် နည်းမျိုးစုံညှင်းနေမှုများကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်‌ ကြောင်း အသိပေးထားသည်။

 

ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲများကို ဒုက္ခပေးနေကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီ ထောက်တိုင်များကို အရှိန်မြင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများအနေ ဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *