Bago News

0 0
Read Time:2 Minute, 5 Second

လက်ပံတန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၅

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဧပြီလ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က လက်ပံတန်းမြိုနယ်၊ ဆင်တလင်းအုပ်စု၊ ထန်းပင်ချောင် ရွာမှ ထွက်ခွာလာသော အင်အား (၈၀) ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်များက အုပ်ဖိုစုရွာနှင့် ရေငံရွာကို ဆက်သွယ်ထားသည့် ချောင်းကူးတံတား အနီး အ ရောက် အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ဦး သေဆုံးကာ ၄ ဦး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း၊ အထိနာသော အကြမ်းဖက်စစ်ကြောင်းသည် ထန်းပင်ချောင်ရွာဘက်သို့ ဖရိုဖရဲဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့်အတူ ရွှေတန်းမြေပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်း ဖက် စစ်ကောင်စီတပ်သားများအနီး  သွားလာ နေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *