War Crimes News

0 0
Read Time:3 Minute, 5 Second

မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အသက် ၈ လ နှင့် ၇ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ဘုရားကျောင်းတစ်ကျောင်း၊ လူနေအိမ် ၁၂ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၄

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ အသက် ၈ လ နှင့် ၇ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၁၂ လုံး ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖြွ့က ထုတ်ပြန်သည်။

 

ဧပြီလ ၉ ရက် ည ၉ နာရီဝန်းကျင်က မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးရှိခဲ့ကြောင်း၊ ထို့အပြင် လူနေအိမ် ၁၂ အိမ် ထိခိုက်ပျက်စီးခဲပြီး ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း နှင့် လူနေအိမ်တစ်လုံး အလုံးစုံ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် အသက် ၈ လသား အ ရွယ် လူမမယ် ကလေး ၁ ဦး၊ ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ မသန်စွမ်းလူငယ် ၁ ဦး၊ အသက် ၇၀ ဝန်းကျင် သက်ကြီးရွယ်အို ၂ ဦး အပါအဝင်ပြီး တစ်ဦးမှာ ခရစ်ယာန်ပါစတာဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးထိခိုက် သွားသော မိသားစုဝင်များကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ထောက်ပံ့ငွေ (၁,၈၆၀,၀၀၀/-) အပါအဝင် မင်းတပ်မြို့နေပြည်သူများ၏ ကူညီလှူဒါန်းမှူများ အလှူငွေ စုစုပေါင်း ၃,၃၄၀,၀၀၀/- ကျပ်ကို ပံ့ပိုးကူညီပေးထားကြောင်း သိရသည်။

 

ယမန်နေ့ (ဧပြီ ၁၃၊ သင်္ကြန်အကြိုနေ့) ညနေ ၄ နာရီဝန်းကျင်ကလည်း အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မရှိသော်လည်း ဘုရားကျောင်းဝင်း အ တွင်းရှိ အဆောက်အဦများ အကြီးအကျယ်ပျက်စီးကာ ခရိုင်ပညာရေးရုံးနှင့်တကွ တစ်မြို့လုံးရှိ လူနေ အိမ်၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ အနည်းနှင့်အများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *