Sagaing News

0 0
Read Time:2 Minute, 3 Second

အင်းတော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု ထိခိုက်မှုရှိ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၄

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီးပြီး ပြည်သူများ ထိခိုက်မှုရှိ ကြောင်း Indaw Revolution – IR ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၄ ရက် နံနက် ၁၁ နာရီ ၄၈ မိနစ်က အင်းတော်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာဘုန်းကြီး ကျောင်းကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်း၌ ဥပုသ်စောင့်နေသော ပြည်သူများများ ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“အင်းတော်မြို့နယ်၊ ပိန္နဲကုန်းရွာကို ကျဲသွားတာ၊ မနက် ၁၁ နာရီ ၄၈ ၃၉ လောက်က ဗုံးက ၂ လုံး ကျဲ သွားတာ၊ ဘုန်းကြီးကျောင်းပေါ်ကျဲသွားတာ၊ပြည်သူတွေထိခိုက်မှုရှိတယ်။ကနဦးကတော့ ၂ ယောက် လား၊ ၃ ယောက်လားတော့ မသိဘူး။ အဲဒါပဲကြားသေးတယ်။ အဲဒီဘက်က အဆက်အသွယ် ကောင်း ကောင်းမရဘူး” ဟု Indaw Revolution – IR မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်နေသော ကြောင့် ကောလင်း ၊ ထီးချိုင့်၊ အင်းတော်၊ ဝန်းသို မြို့နယ်များနေမိဘပြည်သူများအဖြေင့် အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းတူးထားကြရန်၊ လေယာဉ်သံကြားပါက ဗုံးခိုကျင်းထဲသို့ ဝင်ပုန်းနေကြရန်နှင့် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *