Mandalay News

0 0
Read Time:1 Minute, 54 Second

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၁၄ လုံးနှင့် ကား ၂ စီး ပျက်စီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၄

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂ စီး ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၁၄ လုံးနှင့် ကား ၂ စီးပျက်စီးခဲ့ကြောင်း ပြင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၁၀ နာရီ ၁၄ မိနစ်က သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးသီး ၄ လုံး ကြဲချခဲ့ရာ ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နေအိမ် အဆောက်အဦး ၁၄ လုံး နှင့် အိမ်စီးကား ၂ စီး ပျက်စီးလည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

“ပေါင် ၂၀၀ ဒါမှမဟုတ် ပေါင် ၃၀၀ ဗုံးလို့ယူဆရတယ်။ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲသွားတာပါ။ တိုက်ပွဲလည်းမရှိပါဘူး၊” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ဝေးရာတွင်နေထိုင်ကြပါရန်၊ လေ ကြောင်းရန်ကာကွယ်နိုင်ရန် ပုန်းခိုကျင်းများတူးထားကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *