NUG အစိုးရက “နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်မှု တစ်ပတ် ထပ်တိုးရပ်နား
သံလွင်မြန်မာသတင်း
ဧပြီလ ၁၃
အမျိုးသားညီညွတ်ရေးအစိုးရ – NUG အစိုးရက “နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့် အားပေးမှု ရက်သတ္တပတ်” အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်မှု တစ်ပတ် ထပ်တိုးရပ်နားကြောင်း ထုတ် ပြန်သည်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူ အညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ် သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တ နှစ်ပတ်ကြာ မတ်လ ၃၀ ရက်နေ့ မှ ဧပြီ ၁၂ ရက်နေ့အထိ ရပ်ဆိုင်းထားရန်ကြေညာခဲ့ကြောင်း၊ ယင်းနောက် ငလျင်ကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့သော မြန်မာပြည်သူများအား နှစ်သိမ့်အားပေးမှု ပြုနိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၁၃ ရက်မှ ၂၀ ရက်အထိ ကာလကို “နိုင်ငံလုံး ဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် သတ်မှတ်ကာ ထိုးစစ်ဆင် တိုက်ခိုက်မှု တစ်ပတ်ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျမတို့ နိုင်ငံတကာကို တောင်းဆို တိုက်တွန်းလိုတာကတော့ ဒီလိုရပ်တန့်မှုတွေလုပ်နေတဲ့ ကာ လမှာ monitoring ကောင်းကောင်းလုပ်ဖို့လို့လိုပါတယ်။ စစ်ကောင်စီဘက်က လေကြောင်း တိုက် ခိုက်မှု တွေကို ထိုးစစ်ရပ်တာတွေကို အခွင့်ကောင်းယူပြီးတော့ ဒီကာလမှာ ဆက်လုပ်နေ တယ်ဆို တာ ကတော့ တော်တော်လေးတော့ အဆင်မပြေတဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတကာ အ နေနဲ့ပေါ့ international monitoring mechanism လိုမျိုးကို ပူးပေါင်းဆောင်ရွက်မဲ့ ယန္တရားတစ်ခု ထူထောင်ပေးဖို့လည်း လိုအပ်မယ်ဆိုတာကိုတော့ ကျမ ဖြည့်စွက်ပြီးတော့ ဒီထိုးစစ်တွေရပ်မဲ့ ကြေ ညာ ချက်နဲ့အတူ ကျမတို့ နိုင်ငံတကာကို ထပ်လောင်းပြီးတော့ သတင်းစကား ပေးချင်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အမျိုးသားညီညွတ်ရေးအစိုး၏ စစ်ကိုင်းတိုင်းငလျင်ကြီး ( Major Earthquake) တုံ့ပြန်ရေး လုပ်ငန်းများနှင့်ပတ်သက်သည့် အရေးတကြီး လုပ်ဆောင်နေမှုများ အကြောင်းသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
အဆိုပါ ရက်သတ္တပတ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်း များ ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှါ ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များတွင် ဧပြီ ၁၃ ရက်မှ ၂၀ ရက်အထိ ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ဆက်လက် ရပ်ဆိုင်းထားရန်နှင့် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သောအကူအညီနှင့် ကာကွယ်စောင့် ရှောက်မှုပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက အထူးညွှန်ကြားချက် (၃/၂၀၂၅) ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ညွှန်ကြား ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
“ထိုးစစ်ကို ၂ ပတ် ကျနော်တို့ ရပ်နားတာဖြစ်ပါတယ်။ ၂ ပတ်ရပ်နားတာကတော့ ၃၀ ရက်နေ့ (မတ် လ ၃၀ ရက်) ကနေစတယ်ပေါ့။ စပြီးတော့ ကျနော်တို့ ၁၂ ရက်နေ့ဆိုရင် ပြည့်ပြီပေါ့နော်။ ပြည့်တဲ့ အတွက်ကြောင့် ကျနော် တို့ နောက်ထပ် ၇ ရက်ပေါ့။ ၇ ရက်တာ ကာလကိုလည်း ကျနော်တို့ နိုင်ငံ လုံးဆိုင်ရာ ပြည်သူလူထုဝမ်းနည်းကြေကွဲမှုနေ့ နှစ်သိမ့်အားပေးမယ့် ရက်သတ္တပတ်ဆိုပြီးတော့လည်း ဒါ NUG က ကြေညာထားတာရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီနောက်ထက်တစ်ပတ်ပေါ့နော် ၁၃ ရက်နေ့ ကနေပြီးတော့ နောက်ထပ်တပတ်ကို ထိုးစစ်ရပ်စဲရေးအတွက် ဆက်လက်ပြီးတော့ ကာလ တိုး ချဲ့သွားဖို့ပါ” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ် ရပ်စဲရေး ကြေညာထားသော်လည်း ထိုးစစ်များ ဆင်နွှဲခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ဆက် တိုက် လုပ်ဆောင်နေကာ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။
Thanlwin Myanmar Media