ပခုက္ကူမြို့နယ်၊ စိုတွင်းကျေးရွာကို စစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ကာ စစ်မှုထမ်းခိုင်းရန် လူငယ် ၃၀ ခန့် ကို ဖမ်းဆီး
သံလွင်မြန်မာသတင်း
ဧပြီလ ၁၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စိုတွင်းကျေးရွာကို စစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ကာ စစ်မှုထမ်းခိုင်းရန် လူ ငယ် ၃၀ ခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ဧပြီလ ၁၁ ရက် ညနေ ၃ နာရီခန့်က ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့အနီးရှိ စိုတွင်းကျေးရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ဝင်ရောက်ကာ ကျေးရွာနေ အသက် ၁၈ နှစ် ပြည့်ပြီးသူ လူငယ် ၃၀ ခန့်ကို တစ်အိမ်တစ်တက်ဆင်းရှာဖွေကာ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း၊ အချို့မှာ ကျေးရွာအတွင်း ပြန်ဝင်ရဲခြင်းမရှိသေးပဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရ သည်။
“စိုတွင်းရွာက မနေ့က ဝင်မွှေတာ၊ သူတို့က ရွာကို ပတ်ပတ်လည် ဝိုင်းထားပြီး ရှာတာ၊ အပြာဝတ် တွေနဲ့၊ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့လူငယ်တွေ တစ်အိမ်တစ်ယောက် ဆွဲခေါ်သွားတာ။ အိမ် ထဲအထိ ဝင်ရှာတယ်။ တစ်ချို့ထွက်ပြေးနိုင်တဲ့သူပဲ လွတ်တာ၊ အိမ်ထဲမှာ တွေ့တဲ့ လူငယ်တွေကို သစ်ပင်တစ် ပင်အောက်မှာ စုထားပြီးမှ ခေါ်သွားတာ။ စစ်မှုထမ်းဖို့ လူလိုလို့တဲ့” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က ဝိုင်းပတ်ပိတ်ဆို့ကာ လူငယ်များဖမ်းဆီးခံရသည့် စိုတွင်းကျေးရွာသည် ပခုက္ကူမြို့အနီးတွင်တည်ရှိပြီး ထွက်ပြေးနေကြရသည့်ပြည်သူများမှာ ယနေ့အထိ ပြန်လည် ဝင်ရောက်ရဲခြင်းမရှိသေးကြောင်း သိရသည်။
Thanlwin Myanmar Media