Bago News

0 0
Read Time:1 Minute, 28 Second

ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၃

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းထံမှ သိရသည်။

 

ဧပြီလ ၁၀ ရက်နေ့က ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ ၅၉၈ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စနိုက်ပါနဲ့ သွားရောက်သွားပစ်ခတ်တိုက်ခိုက်တာ၊ တစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာ ရ တယ်” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်း၊ ဝေါမြို့နယ်ပကဖနှင့် အင်းတကော်ပကဖတို့ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *