Read Time:42 Second
အတ္တမာန ခဝါချ
ပျိုးကြဲလက်
ဝါးပင်တစ်သီး ၊ ဝါးသီးသီးက
ဝါးသီးအကြွေ ၊ ဝါးပင်သေ၏ ။
ပေပင်တစ်သီး ၊ ပေသီးသီးက
ပေသီးအကြွေ ၊ ပေပင်သေ၏ ။
ငှက်ပျောပင်လည်း ၊ ငှက်ပျောသီးက
အသီးမှည့်ကြွေ ၊ အပင်သေ၏ ။
ထိုနည်းတူစွ ၊ လူ့ဘဝဝယ်
အတ္တအမြစ် ၊ နွံမှာနစ်၍
ဟစ်ကြွေးငါကွ ၊ မာန်မချဘဲ
အာဏာ့ရှင်ကြီး ၊ မာနသီးက
ပညာ့ရှင်ကြီး ၊ မာနသီးက
ဓနရှင်ကြီး ၊ မာနသီးက
ရွှေထီးဆောင်းစေ ၊ ဘဝသေမည်
မှတ်လေသားတို့ ၊ သမီးတို့တာ ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက် ည ၈ နာရီ ၁၇ မိနစ်
Thanlwin Myanmar Media