Bago News

0 0
Read Time:2 Minute, 4 Second

ဝေါမြို့နယ်နှင့် ရွှေကျင်မြို့နယ်တွင် စစ်တပ်စခန်းနှင့် ကင်းပုန်းစစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁၀

 

ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရ သည်။

 

ဧပြီလ ၇ ရက် နံနက် ၇ နာရီ ၂၅ မိနစ်တွင် ဝေါမြို့နယ် ၊လက်ပံရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ် သားများကို စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခဲ့ရာ စစ်သာ ၂ ဦး ထိမှန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ည ၈ နာရီအချိန်တွင် ရွှေကျင်မြို့နယ်၊ အခြေစိုက် ခမရ ၅၉၈ တပ်ရင်းမှ ကင်းပုန်းဝပ်ရန် ထွက်လာသော အကြမ်းဖက်စစ် ကောင်စီ တပ်သားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

“တစ်ဦးသေတာတော့ အတည်ပြုနိုင်တယ်။ ကျန်တာတွေက အတည်ပြုလို့ မရသေးပါဘူး” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အလားတူ ဧပြီလ ၉ ရက် နံနက် ၁၁ နာရီတွင် ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်း မှ ရေခပ်ဆင်း လာသော အကြမ်းဖက် စစ် ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ရာ စစ် သား ၁ ဦး ထိမှန်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို တောင်ညိုစစ်ကြောင်း ၊ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ နှင့် အင်းတကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *