အပစ်အခတ်ရပ်စဲထားသည်ဟုကြေညာထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ဝန်းသိုမြို့နယ်၊ နမ့်ခမ်းရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်ငယ်၊ အမျိုးသမီးများအပါအဝင် ပြည် သူ ၃၀ နီးပါးသေဆုံး
သံလွင်မြန်မာသတင်း
ဧပြီလ ၉
အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာထားသော အကြမ်းဖက်စစ်ကောင်စီတပ်က ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလးငယ်များ ၊ အမျိုးသမီးများ အပါ အ ဝင် ပြည်သူ ၃၀ နီးပါးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့ ဧပြီလ ၉ ရက် ညနေ ၃ နာရီမိနစ် ၂၀ ခန့်က ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် နမ်းခမ်းရွာ (ဂျိုးတောင် နမ်းခမ်း) ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း၊ ထို့ အပြင် ညနေ ၆ နာရီခန့် တွင်လည်း ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၀ နီးပါးသေဆုံးခဲ့ကြောင်း သိရသည်။
“ညနေ ၃ နာရီ မိနစ် ၂၀ လောက်က ဗုံးကြဲပစ်တာ ၄ ကြိမ်လုပ်ဆောင်သွားတာ၊ ညနေ ၆ နာရီမှာ လည်း မိတ္ထီလာရှမ်းတဲလေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်နဲ့တစ်ကြိမ် နမ်းခမ်းကို ထပ်ဗုံးကြဲ သွားတာ၊ သုဿန် ကို ရောက်တဲ့ အလောင်း ၂၀ ကျော်ပါပြီ။ ခုထိလည်း မီးလောင်နေတယ်။ မီး လောင်တဲ့အထဲမှာ ပါတဲ့သူတွေ ရှိပါတယ်။ ဆိုင်ကယ်ပေါ် ခွလျက်တွေရော ဆုံးနေကြတာတွေ ရှိပါ တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြးသည်။
အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့ စစ်ကိုင်းမြေငလျင်ဘေးသင့်ပြည်သူများ အတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်မဖြစ် တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ သော်လည်း နေ့စဉ်နှင့်အမျှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
Photo – နမ်းခမ်းကျေးရွာကို စစ်တပ်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမြင်ကွင်း
Thanlwin Myanmar Media