War Crimes News

0 0
Read Time:5 Minute, 12 Second

စစ်ကောင်စီတပ်က အပစ်အခတ်ရပ်စဲသည်ဟု ကြေညာခဲ့သော်လည်း အရပ်သားပြည်သူများ နေထိုင် ရာ မြို့ရွာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေပြီး ကလေးငယ် ၆ ဦး၊ အမျိုး သမီး အယောက် ၃၀ အပါအဝင် အရပ်သားပြည်သူ ၇၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၉

 

စစ်ကောင်စီက အပစ်အခတ်ရပ်စဲသည်ဟု ကြေညာခဲ့သော်လည်း အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လက်ရှိ ပြီး ကလေးငယ် (၆) ဦး၊ အမျိုး သမီး အယောက် ၃၀ အပါအဝင် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့ပြီ ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးနှင့် NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဌာနတို့ က သတင်းထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ အင်အား အလွန်ပြင်း ထန်သော ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင် နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ် ရင်း တပ်ဖွဲ့များအားလုံးသည် ငလျင်ဒဏ်သင့်နှင့် ဆက်စပ်ဒေသများတွင် မိမိကိုယ်ကိုယ် ခုခံ ကာ ကွယ်ခွင့်မှတပါး ထိုးစစ်အားလုံးကို ၃ ပတ်ခန့် ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည်လည်း စစ်ဆင်ရေးများကို ယာယီရပ်ဆိုင်းထား ကြောင်း အသိပေးထားသည်။

ထို့နောက် အကြမ်းဖက် စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်အခတ် ရပ်စဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း လက်တွေ့မြေပြင်တွင်မူ အပစ်အခတ်ရပ်စဲ ကြောင်းထုတ်ပြန်ပြီးနောက် အချိန်နာရီမျှ မခြားဘဲ အရပ်သား ပြည်သူများ နေထိုင်ရာ မြို့ရွာ ဒေသ များအပေါ် လေကြောင်းတိုက်ခိုက်မှုများကို တောက်လျှောက် ပြုလုပ်နေသည်ကိုသာ တွေ့ရှိရ ကြောင်း ထောက်ပြထားသည်။

 

အကြမ်းဖက် စစ်ကောင်စီက ထိုသို့ အပစ်အခတ် ရပ်စဲကြောင်း ကြေညာပြီးနောက်တွင်မှ အရပ်သား ပစ်မှတ်များအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများမှာ စဉ့်ကူးမြို့နယ်အတွင်း လေကြောင်း တိုက် ခိုက် မှု ၂ ကြိမ် ၊ မတ္တရာမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ၊ သပိတ်ကျင်းမြို့ နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ မိုးကုတ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် နှင့် နောင်ချို မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးက ထုတ်ပြန်ထားသည်။

 

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းထိုးမှုများနှင့် လက်နက်ကြီးပစ်ခတ်မှု များကိုလည်း လုံးဝ ရပ်နားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေသည်ကိုသာ တွေ့ရှိရကြောင်း၊ သို့ပါ သောကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ အပစ်အခတ်ရပ်စဲမည်ဟူသော ထုတ်ပြန်ကြေညာချက် သည် ငလျင်ဘေးကို အကြောင်းပြုကာ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ၎င်းတို့ အတွက် နိုင်ငံရေးအမြတ်ထုတ်လိုသော လုပ်ကြံလီဆယ်မှုတစ်ခုသာဖြစ်ကြောင်း အသိပေးထား သည်။

 

မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးဒဏ်ကို ကြုံ တွေ့ရ ပြီးနောက်ပိုင်း တပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုသည် လေကြောင်း နှင့် လက်နက်ကြီး ဖြင့် တိုက်ခိုက်မှုစုစုပေါင်း (၉၂)ကြိမ် ပြုလုပ်ခဲ့ရာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး၊ အမျိုး သမီး အယောက်(၃၀)အပါအဝင် အရပ်သားပြည်သူ (၇၂) ဦး အသက်ဆုံးရှုံးခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

ထိုသို့တိုက်ခိုက်မှုများတွင် ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု (၁၈)ကြိမ်နှင့် မန္တလေးတိုင်းအတွင်း လည်း (၁၈) ကြိမ် ပါဝင်ခဲ့ကြောင်း၊ ထိုသို့ ကောက်ခံ ရရှိမှုအရေအတွက်သည် မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၈ ရက် မွန်းလွဲ ၂ နာရီအထိဖြစ်ပြီး ယခုအ တည်ပြုချက်ရရှိထားသော အချက်အလက်များထက် ပိုမိုများပြားနိုင်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *