Sagaing News

0 0
Read Time:4 Minute, 11 Second

အင်းတော်မြို့ဂျပန်လှိုဏ်ဂူမှ ဆုတ်ခွာထွက်ပြေးလာသည့် တပ်မ ၇၇ တပ်မှူး -ဗိုလ်-မှူ-း-ချုပ်-အောင်-သက်-ဦးကို ကသာမြို့အဝင်တွင် PDF တပ်ဖွဲ့က ဖမ်းဆီး ၊ တပ်မ ၇၇ သည် ရန်ကုန်မြို့ပေါ် ရှိ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲများတွင် ပြည်သူလူထုကို အကြမ်းဖက်နှိမ်းနင်းသတ်ဖြတ်ခဲ့

 

သံလွင်မြန်မာသတင်း

ဧပြီလ ၉

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ဂျပန်လှိုဏ်ဂူမှ ဆုတ်ခွာထွက်ပြေးလာသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်-မှူ-းချု-ပ် အောင်-သက်-ဦ-းကို ကသာမြို့အဝင်၌ PDF တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း CDM ဗိုလ် ကြီး ဇင်ယော်က ပြောဆိုသည်။

 

အင်းတော်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ချိန် ဂျပန်လှိုဏ်ဂူကို ခြေကုပ်ယူကာ အင်အား ၆၈၀ ခန့်ဖြင့် ခုခံနေခဲ့သည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်-မှူ-းချု-ပ် အောင်-သ-က်-ဦးသည် ၈ လကြာသည်အထိ စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့မရရှိခြင်း ၊ လက်အောက်ငယ်သားများ ထိခိုက်သေဆုံးမှုများပြားနေခြင်းတို့ကြောင့် ရေရှည်တောင့်ခံနိုင်ခြင်းမရှိ တော့ပဲ ညှိနှိုင်းဆုတ်ခွာထွက်ပြေးလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အင်းတော် ဂျပန်လိုဏ်ဂူ စခန်း မှာ ရတ တမခ ၇၇ ဟာ တပ်ရင်း ၄ ရင်း အင်အား ၆၈၀ ခန့် နဲ့ ခံစ-စ် ဆင်နေခဲ့တာ ဖြစ်ပါတယ် ။ အင်းတော် ကို ဗန်းမောက် ဘက်ကနေ နယ်မြေရှင်းလင်းရေး လုပ် ဆောင်ရင်း ဝင်လာတာ တစ်နှစ်ကျော် နေပြီ ဖြစ်ပါတယ် ။ ဆုတ်ခွာဖို့ ညှိနှိုင်းမှု ယူပြီး ‌သုတ်ခြေတင် ခဲ့ပေမယ့် ကသာမြို့ ကနေ တင်ကြို စောင့်ဆိုင်းပြီး ပြန်လည် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

ဖမ်းဆီးရရှိသော တပ်မ ၇၇ တပ်မမှူး ဗို-လ်မှူ-းချု-ပ်- အောင်-သက်-ဦးသည် DSA အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူး မဖြစ်ခင်က ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

 

၎င်းဆုတ်ခွာထွက်ပြေးလာသည့် ကသာမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဝိုင်းဝန်း ပိတ်ဆို့ခြင်းခံထားရကာ ခမရ ၃၀၉ တပ်ရင်းနှင့် မြို့တွင်း၌ အမြောက်တပ်ခွဲ ၁ ခွဲဖြင့်ကာ ခုခံနေရ ကြောင်း သိရသည်။

 

“လက်ရှိ နောက်ဆုံးအချိန် မှာ တော့ ညှိနှိုင်းပြီး ဆုတ်ခွာတာ ဖြစ်တဲ့ အတွက် သဘောတူညီချက် အ တိုင်း လွှတ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ် ။ ညှိနှိုင်းဆုတ်ခွာ ဖြစ်စဉ်ကို နမခ တစ်တိုင်းလုံး နဲ့ နောက်ချန် တပ်မ ၇၇ လက်အောက်ခံ ၁၀ ရင်းလုံး သိရှိပြီး လောင်နေကြချိန် ဖြစ်ပါတယ်။” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။

 

ဧပြီလ ၇ ရက်ညပိုင်းက အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့ သိမ်းတိုက် ပွဲအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၏ အစီအစဥ်ဖြင့် ၈ လကျော်ကြာ ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ၊ အင်းတော်မြို့သည် စစ်ကောင်စီ ၏တပ်မ ၇၇ ရှေ့တန်း ဌာနချုပ် အခြေပြုရာမြို့ဖြစ်ကာ တပ်မမှူး ကိုယ်တိုင်ကွပ်ကဲနေခဲ့ခြင်းဖြစ်ပြီး ၈ လခန့်ကြာသည် အထိ တိုက်ခိုက်သိမ်းပိုက်ခဲ့ရခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

 

တပ်မ ၇၇ သည် ရန်ကုန်မြို့ပေါ်ရှိ ပြည်သူလူထု၏ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုအတွင်း အကြမ်းဖက် နှိမ်နင်းသတ်ဖြတ်မှုများတွင် နာမည်ကြီးတပ်မ တစ်ခုဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *