Read Time:55 Second
ကဗျာကဏ္ဍ “ရွှေနွယ်သွေး”
ပျိုးကြဲလက်
ဖရဲချိုမွှေး ၊ ရွှေနွယ်သွေး၏
ချိုအေးပါဘိ ၊ ဂုဏ်သတ္တိကို
မသိကျော်သွား ၊ သိဖော်စား ။
နေရှိန်ပြင်း၏ ၊ နွမ်းလျဘိလျှင်
စားကြည့်ရင်ထဲ ၊ လန်းဆန်းမြဲတည့်
ဖရဲချိုမွှေး ၊ ရွှေနွယ်သွေး ။
ဘဝင်လှိုက်ဆူ ၊ ရွှေရင်ပူလျှင်
စားသူရင်ထဲ ၊ အေးမြဆဲတည့်
ဖရဲချိုမွှေး ၊ ရွှေနွယ်သွေး ။
လူမရွေးပါ ၊ အရသာက
ရင်မှာငြိစွဲ ၊ ချိုမြဆဲတည့်
ဖရဲချိုမွှေး ၊ ရွှေနွယ်သွေး ။
ဆောင်ဓားကိုဆွဲ ၊ သူ့ကိုခွဲ၍
နင်းဖြဲချေမွ ၊ မြေသို့ချစေ
ချိုမြသတ္တိ ၊ မစွန့်ဘိ ။
တို့ပြေတို့ရွာ ၊ တို့ကမ္ဘာဝယ်
ရသာထူးကဲ ၊ ရွှေဖရဲတို့
အမြဲမော်ကြွား ၊ ပွားစေသား ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၈ မိနစ်
Thanlwin Myanmar Media