Karen State News

0 0
Read Time:3 Minute, 19 Second

သံတောင်ကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် ကင်ပုန်းဝပ်ရန် ထွက်လာ သော ပျူစောထီးများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၉

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ကမ်းနီကြားဒေသကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၇ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်က သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာကို မီးရှို့ပြီး ပြန်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ထုံးဘိုးကြီးကျေးရွာအထွက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ထုံးဘိုကြီးစခန်းသို့ ပြန်လည်ဆုတ်ခွာသွား ကြောင်း၊ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပြီး နောက် ၁ နာရီအကြာတွင် လူနာတင်ယာဉ်နှစ်စီး ထုံးဘိုကြီးစခန်းသို့ မောင်းဝင်သွားကာ ပြန်ထွက် လာကြောင်း သိရသည်။

“ခရစ်ယာန် သီလရှင်ကျောင်း ၂ ကျောင်း၊ အိမ်က ဘယ်နှစ်လုံးအရှို့ခံရလဲတော့ မသိဘူး။ လောလော ဆယ် ၂ လုံးလို့တော့ ကြားတယ်။ ဘာလို့ဆိုရင် သံမိုးတောင်ရွာက ရွာသား တွေမရှိတော့တာ ၂ နှစ် ကျော်ပြီ။ စကစ ထိခိုက်သေဆုံးမှုက မသိရသေးပါဘူး။ လူနာတင်ယာဉ် ၂ စီးဝင်ပြီး တောင်ငူဘက် ပြန်ထွက်သွားတာတော့ ရှိပါတယ်” ဟု ကမ်းနီကြားဒေသကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

 

တိုက်ခိုက်ခံရပြီးနောက် အထိနာသော အကြမ်းဖက်စစ်သားများသည် ထုံးဘိုကြီးရွာအတွင်းရှိ ဈေး ဆိုင်များ၊ ကားများနှင်ဆိုင်ကယ်များကို ထုချေ ဖျက်ဆီးကာ လမ်းသွားလမ်းလာ ခရီးသည်များကို ရိုက်နှက်ထုထောင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ် ရေးတပ်ဖွဲ့နှင့် ကီးကူစစ်ကြောင်း နှင့် တောင်ငူခရိုင်တပ်ရင်း ၃၅၀၄ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ဧပြီလ ၆ ရက် မွန်းလွဲ ၂ နာရီကလည်း ကမ်းနီကျေးရွာမှ ကင်းပုန်းဝပ်ရန် ထွက်လာသော ပျူစောထီးများကို ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် တောင်ငူ -လိပ်သို လမ်းမကြီးအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သာ သွားလာအသုံးပြုကြပါရန်နှင့် အရေးပေါ်ကိစ္စတစ်စုံတရာရှိပါက နီးစပ်ရာအဖွဲ့အစည်းကို ဆက် သွယ်အကြောင်းကြားပြီးမှသာ သွားလာကြပါရန် မေတ္တာရပ်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *