CDM News

0 0
Read Time:3 Minute, 20 Second

ပေါ်တာဆွဲခံရသည့် ပြည်သူ့စစ် – ပစများကို လက်နက်ဖြုတ်တပ်သင်ပေးပြီး ရှေ့တန်းသို့ တစ်ခါ တည်း ပို့ဆောင် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဧပြီလ ၇

 

ပေါ်တာဆွဲခံရသည့် ပြည်သူ့စစ်-ပစများကို လက်နက်ဖြုတ်တပ်သင်ပေးပြီး ရှေ့တန်းသို့ တစ်ခါတည်း ပို့ဆောင်ခံလိုက်ရကြောင်း ဟားခါးမြို့သို့ ရောက်ရှိပြီး CDF ဟားခါးထံအလင်းဝင်ခဲ့သည့် ပြည်သူ့စစ် တစ်ဦးက ပြောကြားသည်။

 

မတ်လ ၂၅ ရက်နေ့က Chinland Defense Force – Hakha ထံသို့ လက်ခဲယမ်းများနှင့်အတူ အလင်း ဝင်လာခဲ့သည့် ပြည်သူ့စစ် -ပစ တစ်ဦးက အထက်ပါအတိုင်းဝန်ခံထွက်ဆိုထားခြင်းဖြစ်သည်။

“ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရမ်းဇာတိပါ၊ ကျနော့်အမျိုးသမီးကတော့ မကွေးသူပါ။ မကွေးမှာ လိုက်ပြီး အလုပ်လုပ်ရင်းနဲ့ မကွေးမှာ ပေါ်တာဆွဲခံရတာပါ။ စစ်မှုမထမ်းမနေရဆိုပြီး ပေါ်တာဆွဲခံရပြီးတော့ ကလေးမြို့ကို ရဟတ်ယာဉ်နဲ့ခေါ်သွားပါတယ်။ အဲ ဒီကိုရောက်တော့ ကျနော်တို့ ပစတွေကို သေနတ် အဖြုတ်အတပ်တွေသင်ပေးတယ်၊ ပစ်ခတ်မှု ပုံ တွေကိုလည်းသင်ပြပေးပါတယ်။ အဲဒါပြီးရင် အရေး ကြီးတယ်ဆိုပြီး ကျနော်တို့ကို ရှေ့တန်းပို့ပါ တယ်။ ရှေ့တန်းပို့တဲ့အချိန်မှာ ရဟတ်ယာဉ်နဲ့ ဟားခါးမြို့ ဗျူဟာကုန်းဆိုတဲ့ စစ်တပ်ကုန်း ချပေး တော့ ညနေ ၆ နာရီခွဲဝန်းကျင်လောက်ကို ရောက်ခဲ့ပါတယ်။ ရောက်ပြီးနာရီဝက်ကျော်ကျော်လောက် နားပြီးတော့ ကျနော်တို့ကို အရေးကြီးတယ်ဆိုပြီး ကျောက် တိုင်ကုန်းဘက်ကို ကားနဲ့လိုက်ပို့ပါတယ်။ ကားနဲ့လိုက်ပို့တဲ့အချိန်မှာ အဲဒီမှာလုံခြုံရေး ပေါ့၊ စစ်က တော့ တစ်ခါမှ မတိုက်ဖူးပါဘူး။ အဲဒီနေရာမှာ ကျနော်တို့ ပစ တွေကို တစ်ယောက်ကို ကျည်ဆံ ၅၀ စီပေးပါတယ်။ လက်ပစ်ဗုံး ၁ လုံးစီပေးပါတယ်။ သေနတ်ကတော့ အရေးကြီးတဲ့ ကင်းစောင့်တဲ့ အ ချိန်ကျမှ ပေးပါတယ်၊ ကင်းပြီးတဲ့အချိန်မှာ ပြန် သိမ်းပါတယ်။” ဟု အလင်းဝင် ပစ စစ်သားက ဝန်ခံထွက်ဆိုသည်။

 

အလင်းဝင်ခဲ့သည့် ပြည်သူ့စစ်သား ၂ ဦးကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

“စစ်တပ်ထဲကနေ ပစတွေထွက်ပြေးလို့ရှိရင် CDM တို့ PDF တို့တွေက ကျနော်တို့သေနတ်ကိုအပ်ပြီး လို့ ရှိရင် ငွေတွေကိုချီးမြှင့်တယ်။ ငွေချီးမြှ့င်ပြီးရင်လည်း အလကားမထားဘူး။ သူတို့လိုအပ်တဲ့  အချက်အလက်တွေကို မေးမြန်းပြီးတော့ သတ်ပစ်တယ်လို့ ဝါဒဖြန့်ထားတာ။ အဲဒါနဲ့ကျနော်တို့က မလုပ်ချင်တော့ပါဘူး။ သေခါမှသေတော့ဆိုပြီးတော့ သေနတ်တွေပါယူပြီးတော့ ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးလာတော့ ဟားခါးမြို့က လူငယ်အဖွဲ့ပေါ့ ။ သူတို့နဲ့တွေ့ပြီးတော့ သူတို့က ကောင်းကောင်း မွန်မွန်ပဲကြိုဆိုပါတယ်။” ဟု အလင်းဝင်ပြည်သူ့စစ် -ပစ တပ်သားက ထွက်ဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *