Yangon News

0 0
Read Time:1 Minute, 30 Second

မရမ်းကုန်းမြို့နယ်၊ အောင်သပြေရဲရိပ်သာဝန်းအတွင်းသို့ ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၆

 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အောင်သပြေရဲရိပ်သာဝန်းအတွင်းသို့ ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ယမန်နေ့ ဧပြီလ ၅ ရက် ည ၁၁ နာရီ ၃၅ မိနစ်က မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းမပေါ်ရှိ အောင်သပြေရဲရိပ်သာဝန်းအတွင်း၌ ပျူစောထီးများကို သင်တန်းပေးလျက်ရှိကြောင်း သိရသဖြင့် ရန် ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်မှ ၄၀ မမ လောင်ချာဖြင့် ဗုံးသီး ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Army – YA မြို့ပြပြောက်ကျားရဲဘော်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိထိရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

 

အကြမ်းဖက်စစ်အာဏာရှင် မပြုတ်မချင်း နောက်ထပ် ပစ်မှတ်ကြီးများကိုလည်း ဆက်လက် တိုက် ခိုက် ချေမှုန်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီအလုံးစုံပျဉ်သုန်းရေး အတွက် တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *