ကဗျာကဏ္ဍ “ဒလန်မှန်လျှင်ခွေးစိတ်ဝင်”
ပျိုးကြဲလက်
ဒလန်ဖြိုးကျော် ၊ စစ်တပ်ခေါ်၍
တော်လှန်ပြောက်ကျား ၊ ထောက်ပို့များကို
ထောင်လွှားဆူပူ ၊ နှိပ်စက်မူလျှင်
ပြည်သူဘဝ ၊ မျက်ရည်ခ၏ ။
ဒလန်ရှိလျှင် ၊ ကြမ္မာငင်လျှက်
တပ်ဝင်တပ်ထွက် ၊ မြို့ရွာဖျက်၍
ရန်ဖက်မစဲ ၊ လေမှာဝဲသော်
ဗုံးကြဲပစ်ခတ် ၊ ထင်ရာသတ်၏
သေနတ်သံတို့ဆူညံဆဲ ။
လူငယ်လူရွယ် ၊ တူသားနှယ်သို့
စိတ်ဝယ်မသိ ၊ ဒလန်ရှိလျှင်
ရိသဲ့ဖောက်ပြား ၊ သခင်အားရ
ကျွန်ပါးဝ၏ ။
စီဒီအမ်ဖမ်း ၊ စစ်မှုထမ်းနှင့်
ဝရမ်းမစဲ ၊ အချုပ်ထဲတွင်
ညှင်းဆဲရိုက်နှက် ၊ ဘဝဖျက်သော်
ချိတ်ဆက်ပုန်းရှောင် ၊ လူထုဘောင်သည်
ပြည်ထောင်အတွင်းကျဉ်းလေပြီ ။
လဘက်ရည်ဆိုင် ၊ ဖြိုးကျော်ထိုင်စဉ်
ရင်ဆိုင်ကျော်လွှား ၊ လူငယ်များက
မင်းလားဒလန် ၊ မေးမြန်းပြန်လျှင်
ပြေးရန်အထ ၊ ပြောင်းအဝမှ
ဒိုင်းကနဲမြည် ၊ သေနတ်ကျည်နှင့်
သွေးညှီထောင်းထောင်း ၊ ဘဝပြောင်းပြီ
အလောင်းမလှ ၊ ဒလန်ဘဝ ။
ဖြိုးကျော်နည်းတူ ၊ ဒလန်ဟူက
ကြည်ဖြူမဲ့ငြား ၊ လူငယ်များနှင့်
ရွာသားရပ်သူ ၊ လက်တွဲမူ၍
ကူညီရှင်းက ၊ အားထုတ်ကြလျှင်
ဒလန်ကျွန်ယုတ် ၊ အမြစ်ပြုတ်၏ ။
မြို့နယ်တကာ ၊ မျက်နှာနာ၍
သူငါမရှင်း ၊ ဝန်မဲ့ကင်းသော်
သွေးချင်းတမျှ ၊ ရင်းနှီးကြလည်း
ပြုသမျှရန် ၊ ခါးစည်းခံလော့
မလှန်ပြန်ကနင်းမှာမို့ ။
(ကွယ်)
ဒလန်မှန်သမျှရှင်းပါစို့ ။ ။
ပျိုးကြဲလက်
ကဗျာကရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃ ရက် ညနေ ၅ နာရီ ၃၂ မိနစ်
Thanlwin Myanmar Media