Chin State News

0 0
Read Time:4 Minute, 2 Second

တွန်းဇံမြို့ရှိ CNA တပ်စခန်းကို စစ်ကောင်စီနှင့်ပူးပေါင်းထားသော ZRA တပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်သဖြင့် တိုက်ပွဲပြီး ZRA တပ်ဖွဲ့က ဆုတ်ခွာရာလမ်းကြောင်းရှိ Nakzang ရွာတစ်ရွာလုံးကို မီးရှို့ ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

ဧပြီလ ၆

 

ချင်းပြည်နယ်၊ တွန်းဇံမြို့ရှိ CNA တပ်စခန်းကို စစ်ကောင်စီလက်အောက်ခံ ZRA တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပြီး ZRA တပ်ဖွဲ့က ဆုတ်ခွာထွက်ပြေးရာလမ်းကြောင်းရှိ Nakzang ရွာ တစ် ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CNA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဧပြီလ ၃ ရက် နံနက် ၆ နာရီခန့်က အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်နှင့် ချင်းပြည်နယ်အစပ်တွင် ခြေ ကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းထားသည့် Zomi Revolutionary Army (ZRA) တပ်ဖွဲ့မှ သည် ချင်းလဲန်၊ တွန်းဇံမြို့နယ်အတွင်းရှိ CNA တပ်မ ၄ စခန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“အသေးစိတ်အချက်အလက်ကတော့ စုဆောင်းနေတုန်းပါ၊ ဧပြီလ ၃ ရက်နေ့က တွန်းဇံမှာ တပ်စွဲ ထားတဲ့ CNA တပ်မဟာ ၄ ကို ZRA တွေက ဝင်တိုက်တာပါ။ ၄ ရက်နေ့မှာ CNA ကပြန်တိုက်တဲ့ အတွက် ပြန်ဆုတ်သွားတာဖြစ်ပါတယ်။ ZRA တွေအခြေချတာက မဏိပူရနဲ့ ချင်းပြည်နယ် အစပ် တွေမှာပါ။ ဘယ်အထိ ဆုတ်သွားလဲတော့ မသိရသေးပါဘူး၊ တီးတိန်မြို့က စကစနဲ့ပေါင်းပြီး တွန်းဇံမြို့ကို ပြန်တိုက်ဖို့ပြင်နေတယ်ိလို့ သတင်းထွက်နေတယ်” ဟု CNA သတင်းနှင့်ပြန်ကြား ရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခဲ့သဖြင့် ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်မတော် နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည်တိုက်ထုတ်ခဲ့ရာ ZRA တပ်ဖွဲ့ဝင်များ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း၊ တိုက်ပွဲ အတွင်းမှ ZRA တပ်ဖွဲ့ဝင်များ အသုံးပြုသော Drone နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

ဆုတ်ခွာထွက်ပြေးသွားသော ZRA တပ်ဖွဲ့ဝင်များသည် ဆုတ်ခွာရာ လမ်းကြောင်း ပေါ်ရှိ အိမ်ခြေ ၈၀ ခန့်ရှိသော Nakzang ရွာကို မီးရှို့ဖျက်ဆီးရာ ဘုရားရှိခိုးကျောင်းမှ အပကျေးရွာ တစ်ရွာလုံး မီးလောင် ပြာကျခဲ့ကြောင်း ၊ Nakzang ရွာသည် မဏိပူရ မြစ်ဘေးတွင် တည်ရှိပြီး ယခုအခါ ရွာသူ ၊ ရွာသား များမှာ နီးစပ်ရာ တွန်းဇံမြို့အတွင်း၌ ဝင်ရောက်ခိုလုံလျက်ရှိကြောင်း သိရသည်။

 

လက်ရှိကာလသည် အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒုက္ခရောက် နေ ကြသည့် ပြည်သူများကို ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်အခတ် ရပ်စဲပြီး ဝိုင်းဝန်းဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့် စစ်ရေးလှုပ်ရှားမှုများ ကန့်သတ် ထားခြင်းကို အခွင့် အရေးယူကာ ကျူးကျော်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း CNA သတင်းနှင့်ပြန်ကြားရေး ဌာနက ပြောဆိုထားသည်။

 

ချင်းအမျိုးသားတပ်မတော်၊ အမှတ် ၄ တပ်မဟာအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရန် လိုအပ် လာသဖြင့် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ZRA တပ်ဖွဲ့များအား တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Photo -ZRA (EC) နှင့် တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်း ရမိသည့် Drone နှင့် လက်နက်၊ ခဲယမ်းများ

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *