ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဗျူဟာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိ၊ ငလျင်ဘေးဒဏ်သင့် မှုကြောင့် တဖက်သတ်အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီတပ်က ကြည်း ၊ ရေ၊ လေ ပူးပေါင်းပြီးအဆင်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်နေ
သံလွင်မြန်မာသတင်း
ဧပြီလ ၆
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဗျူဟာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး ငလျင် ဘေးဒဏ်သင့်မှုကြောင့် တဖက်သတ်အပစ်အခတ်ရပ်စဲထားသော်လည်း စစ်ကောင်စီက ကြည်း ၊ ရေ ၊ လေပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။
ဧပြီလ ၂ ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းဗျူဟာစခန်းကို မတ်လ ၁၇ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၆ ရက်ကြာအောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော် အနေဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်၍ရသော အခွင့်အရေးရှိခဲ့သော်လည်း တစ်ဖက်သတ်အပစ်ရပ်ခဲ့ သောကြောင့် အဆိုပါနေရာများအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်တော့ဘဲ ထိုးစစ် များကို ရပ်တန့်ကာ ထုတ်ပြန်ချက်ကို လေးစားလိုက်နာကြောင်း ပြသခဲ့သည်ဟုဆိုသည်။
ဧပြီလ ၃/၄/၅ ရက်နေ့များတွင်လည်း စစ်ကောင်စီသည် သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်း တောင်၊ အမှတ် ၃၂ ရဲတပ်ရင်းနှင့် မြေပြင်စစ်ကြောင်းများမှအပြင် စစ်သင်္ဘော၊ ဂျက်တိုက်လေယာဉ် များကိုပါအသုံးပြုပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင် ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာပတ်ဝန်းကျင်များသို လက်နက်ကြီး၊ ဒရော့ဗုံးများ အပြင် ဂျက်တိုက်လေယာဉ်၊ စစ်သင်္ဘောကြီးများပေါ်မှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေး ထားသည်။
ယမန်နေ့ ဧပြီလ ၅ ရက်တစ်ရက်တည်း၌ Drop Bomb အကြိမ်အရေအတွက် ၆၀ ကျော်နှင့် လက် နက် ကြီးပစ်ခတ်တိုက်ခိုက်မှု ၅၀ ကြိမ်အထက်ရှိခဲ့ကြောင်း၊ စစ်တွေမြို့နယ်၊ ချောင်းနွယ်၊ မင်းဂံရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ်၊ မင်းလှရွာရှိ အာရက္ခတပ်ဖွဲ့ဝင်များရှိရာနေရာကို ဒရုန်းများဖြင့် နံနက် ၉ နာရီ ၂၇ မိနစ်မှ စတင်ပြီး ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
အလားတူ ဧပြီလ ၅ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ အရက္ခ တပ်ဖွဲ့ဝင်များရှိရာနေရာသို့ စစ်ကောင်စီက Y12 ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြာင်း သိရ သည်။
စစ်ကောင်စီမှ ၎င်းတိုကိုယ်တိုင် တစ်ဖက်သတ်ထုတ်ပြန်ထားသော အပစ်ရပ်ဆိုင်ရာပါ အကြောင်း အရာများကို လေးစားလိုက်နာခြင်းမရှိဘဲ ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများဖြင့် အဆက်မပြတ် တိုက် ခိုက်နေကြောင်း၊ ရက္ခိုင်အမျိုးသားအဖွဲချုပ်/ အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှ စတင်ပြီး ညီ နောင် မဟာမိတ်များဖြစ်ကြသော ကိုးကန့်၊ တအာင်းအဖွဲအစည်းများနှင့်အတူ တစ် လ တာ တစ် ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့ကြောင်း အသိပေးထားသည်။
ဤသို့ တစ်ဖက်သတ်အပစ်ခတ်ရပ်ရခြင်းမှာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ နေ့ရက်တွင် လှုပ်ခတ်ခဲ့သည့် (၇.၇) ရစ်(ခ်) တာစကေးအဆင့်ရှိသော အင် အား ပြင်းငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင် ငယ်များ ကြောင့် ပျက်စီးဆုံးရှုးသွားခဲ့ရသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူး တိုင်းနှင့် နေပြည်တော်များအပါအဝင် အခြားသော ဒေသအချို့မှ ငလျင်ဒဏ်သင့်ပြည်သူ လူထုများ ကို လူသားချင်းစာနာထောက်ထားသောစိတ်၊ ပြည် ထောင်စုစိတ်ဓာတ်အပြည့် ရှိသောကြောင့် ဖြစ်ကြောင်း ပြောဆိုထားသည်။
ထိုသို့ ထုတ်ပြန်ချက်ထုတ်ပြီးသည်နှင့်တစ်ပြိုင်နက်တည်းတွင် ထိုးစစ်များ၊ တိုက်ပွဲများကို ဆက်လက် မပြုလုပ်တော့ဘဲ ချက်ချင်းရပ်တန့်ခဲ့ကြောင်း၊ သို့သော်လည်း ဖက်ဆစ်စစ်ကောင်စီသည် ၎င်းတို့ ကိုယ်တိုင် တစ်ဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာသည့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့နှင့် ၎င်း နေ့ ရက်မတိုင်မီရက်များတွင်လည်း ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့ပတ်ဝန်းကျင်ရှိ အာရက္ခ တပ်တော်တပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ ဒရော့ဗုံး၊ လေကြောင်းနှင့်၊ စစ်သင်္ဘောများ ပေါ်မှ ပစ်ခတ် တိုက်ခိုက်ခြင်းများကို ယနေ့အထိ နေ့တိုင်း ဆက်တိုက်ပြုလုပ်နေခဲ့သည်ဟုဆိုသည်။
ထိုအပြင် စစ်ကောင်စီသည် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားသောနေရာများမှ အာရက္ခတပ်တော် ၏ စစ်ကြောင်းများကိုလည်း နေ့တိုင်း တန်ပြန်ထိုးစစ်များ ဆင်နွှဲလျက်ရှိကြောင်း၊ စစ်ကောင်စီမှ တစ် ဖက်သတ်အပစ်ရပ်ထုတ်ပြန်ခြင်းအား မထုတ်ပြန်သေးသောအချိန် (တစ်နည်းအားဖြင့်) အင်အားပြင်း ငလျင်မလှုပ်ခတ်မီအချိန်တွင်သာ စစ်ကောင်စီအား ထိုးစစ်၊ တန်ပြန်ထိုးစစ်၊ တုံပြန်တိုက်ခိုက်မှု မျိုးကိုပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော်က ပြောဆိုသည်။
တစ်ဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန် ကြေညာပြီးသည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကို မည်သည့်တုံပြန်မှုမျိုးမှ မပြုလုပ်ဘဲ ဒဏ်ရာရ၊ အသက်စွန့် လွှတ်ခဲ့ရသော စစ်သည်တော်များရှိသည့်တိုင် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ပါအတိုင်း တိကျစွာ လိုက်နာခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဧပြီလ ၂ ရက်နေ့တွင် စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ သပြုတောင် ကျေး ရွာ၊ ပြားတဲကျေးရွာ၊ ပြင်ရှည်ကျေးရွာအနီးပတ်ဝန်းကျင်များသို လက်နက်ကြီး၊ ဒရုန်းများဖြင့် အဓိက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ သစ်ပုတ်တောင်ရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် (၃၂) ရဲတပ်ရင်း၊ မြေပြင်စစ်ကြောင်းများမှ အဓိကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂ ရက် တစ်ရက်တည်းတွင် Drop Bomb အရေအတွက် (၉၀) ကြိမ်ခန့် နှင့် လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်မှု (၆၀) ကြိမ်ထက်မက ရှိခဲ့ကြောင်း သိရသည်။
ထို့အတူ နှစ်ဖက်ရင်ဆိုင်တပ်များရှိသော စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ဘက်တွင် စစ်ကောင်စီ၏ ရွှေမင်းဂံ ဆိပ်ကမ်းဘက်မှ ပေါက်တောမြို့၊ ငပြီကျွန်းဘက်သို့ (၁၂၀) မမ လက်နက်ကြီးများဖြင့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media