ကဗျာကဏ္ဍ “အပူကောင်”
ပျိုးကြဲလက်
ဘင်းမ်စတက်ရယ်နဲ့
မင်းတကယ် ရက်စက်လှပါဘိ
အကြမ်းဖက်သမားကိုမှ
ကြင်နာသနား စေတနာထားပါပေါ့
မကြားဝံ့မနာသာပြည့်မျက်နှာကိုမထောက်
မြှောက်စားရင် မင်းကိုယ်တိုင်လူသတ်သလိုပ
ပေကတ်ကတ်နဲ့ ပေထုန်တန် ။
မင်းပေါင်းရယ် အစုံစုံနဲ့
ဟင်းကောင်းအမယ် အဖုံဖုံတည်လို့
စားစေကွယ် သည်ရွှေခွက်ကိုလ
အနူလက်နဲ့ အပြိုင်အဆိုင်ပေါ့
မင့်နိုင်ငံ ဂုဏ်သိမ်နုပ်ပါဘိ
ဖေတရုတ်ကယ်နဲ့ အသရေစုတ်မယ့်
ယုတ်စွအကြံ ။
နိုင်ငံကို တကယ်ချစ်ရင်ဖြင့်
ပြည်ပစ်ခွါ ဘင်းမ်းစတက်ကိုလ
သင်းတက်မှာ မဟုတ်ရပါဘု
ငလျင်မိသူ တို့ပြည်သူလူအများမှာဖြင့်
စားစရာရေဗလာ အကူညီမဲ့တော့
ကယ်တဲ့သူကိုမျှော် တပ်မတော်ကဖျက်
အချက်မသိတဲ့မင်းက
မျက်နှာချင်းဆိုင်ကာ နုတ်ဆက်လို့
လက်ဆွဲကြ အပြန်အလှန်
သင်းရဲ့အကြံက သာချင်ဇော ။
မင်းနဲ့မတန်ပါ့ ငါရင်မော ။
ဓားပြမုဒိမ်းရယ်နဲ့
မရမက ပြည့်အာဏာသိမ်းပါလို့
လူပြိန်းတို့ရဲ့သခင် သမ္မတရူးကိုလ
တကူးတက မထူးဇတ်အထွေထွေနဲ့
ဆင်ခြေတွေ အကြိမ်ကြိမ်ပေးကာဖြင့်
ညီညွတ်ရေးနှယ် အကျိုးမဆောင်ပါနဲ့
ခွေးကောင်ဟာ အပူမျိုးပေမို့
ဆိုးတူကောင်းဖက် နှောင်းရက်မှာအပူတက်ရင်ဖြင့်
ရွှေလက်တော် ရင်မှာဖိလို့
သည်ငတိအတွက် သိက္ခာရင်းပါတဲ့
မင်းရဲ့သဘော ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက် မွန်းလွဲ ၁ နာရီ ၅၄ မိနစ်
Thanlwin Myanmar Media