NUG News

0 0
Read Time:6 Minute, 18 Second

စစ်ကိုင်းမြို့နယ်တွင် ငလျင်ကြောင့်သေဆုံးသူ ၆၅၈ ဦးရှိပြီး NUG ထိန်းချုပ်နယ်မြေအတွင်းရှိပြည်သူ များကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်က ကွင်းဆင်းကူညီ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၅

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ငလျင်ကြောင့် သေဆုံးသူ ၆၅၈ ဦးရှိပြီး NUG အစိုးရ ထိန်း ချုပ်နယ်မြေအတွင်းရှိပြည်သူများကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအမြဲတမ်းအ တွင်းဝန်က ကွင်းဆင်းစစ်ဆေးကူညီခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၂ ရက်န့အထိ ကောက်ခံရရှိထားသော စာရင်းအရ စစ်ကိုင်းမြို့နယ်အတွင်းရှိ အမျိုသားညီ ညွတ်ရေး အစိုးရ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေဧရိယာ ၄၉ ရွာ တွင် အိမ်ထောင်စု ၅၇၃၅ စု၊ ငလျင်ဘေး ဒဏ်သင့်ဦးရေ ၂၅၂၉၆ ဦး ၊ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၄၇ ဦး၊ ထိခိုက် ဒဏ်ရာရသူ ၅၅ ဦး ရှိကြောင်း၊ ထို့အပြင် ပြိုကျသည့် လူနေအိမ် ၂၄၂ လုံး ၊ ပျက်စီးသည့် လူနေအိမ် ၁၅၅၇ လုံး ၊ နိုင်ငံ တော်အမွေအနှစ် အဆောက်အဦးများ ပျက်စီးမှု ၃၈၇ ခုရှိကြောင်း သိရသည်။

 

အလားတူ စစ်ကောင်စီ ထိန်းချုပ်ထားသည့် စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ သေဆုံးသူ (၆၁၁) ဦး ၊ ထိခိုက်ဒဏ်ရာရသူ (၅၀၀) ဦး ၊ အဆောက်အဦ ပျက်စီးမှု (၃၅၀၀) ကျော် ရှိကြောင်း သိရသည်။

ဧပြီလ ၃ ရက်နေ့က စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများကို အမျိုးသား ညီ ညွတ် ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်း၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ

နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စိုးမိုးထိန်းချုပ်နယ်မြေအတွင်း ရှိ ငလျင်ဘေး ဒဏ်သင့်နေရာများနှင့် ပြည်သူများကို သွားရောက်စစ်ဆေးကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

​ ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုလဲသွားသည့် နေအိမ်အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ သာ သနိ က အဆောက်အဦးများ၊ လမ်းများ၊ တံတားများသို့ လိုက်လံကြည့်ရှုပြီးနောက် ငလျင်ဘေးဒဏ် သင့် ပြည်သူများနှင့် တွေ့ဆုံမေးမြန်ခဲ့ရာ လက်ရှိ အရေးတကြီးလိုအပ်ချက်များမှာ သောက်သုံးရေ ရရှိရေး ၊ ယာယီနေထိုင်စရာ ရရှိရေး ၊ အခြေခံစားသောက်ကုန် ဝယ်ယူရရှိရန် ခက်ခဲနေမှု ၊ ဓာတ်ဆီ/ ဒီဇယ်ဆီ အခက်အခဲ ၊ ဆေးဝါး မလုံလောက်မှုတို့ ကြုံတွေ့နေရကြောင်း သိရသည်။

 

အတွင်းဝန်သည် ငလျင်ဘေးဒဏ်သင့် ဆေးဝါးကုသမှုခံနေရသော ပြည်သူအချို့ နှင့် ဆရာတော် တစ် ပါးအား တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ ထို့နောက် ညနေပိုင်းတွင် ပျက်စီးသွားသော လမ်း မကြီးအား ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုခဲ့ကာ ယင်းလမ်းမကြီးအား လက်တလော အ ဆင်ပြေစေရေးရည်ရွယ်၍ ကနဦးပြင်ဆင်သည်မှာ ၆၀ ရာနှုန်းကျော် ပြီးစီးသည်ကို တွေ့ခဲ့ရကြောင်း၊ မကြာမီ ရက်ပိုင်းအတွင်း ပြန်လည် အသုံးပြုသွားလာနိုင်လိမ့်မည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ညပိုင်းတွင် စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့အနေဖြင့် ငလျင်လှုပ်ခတ်ပြီးသည်နှင့် ၂၄ နာရီ အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သည့်အကြောင်း၊ လုပ်ငန်းကော်မတီ တစ်ခုဖွဲ့ထားပြီး မြေပြင်နှစ်ဖွဲ့ခွဲ၍ ကွင်းဆင်းကူညီမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ပြည်သူလူထုထံမှ အလှူငွေ သိန်းပေါင်း ၁၇၀၀ ကျော်ရရှိထားပြီး ယနေ့ထိ ကူညီကယ်ဆယ်ရေးလုပ် ငန်းများအတွက် သုံးစွဲငွေ သိန်း ၁၀၀၀၀ ကျော်နေပြီဖြစ်ကြောင်း ၊ အဓိက ကူညီဆောင်ရွက်နေသည့် ကဏ္ဍများမှာ စိုးမိုးနယ်မြေအတွင်း သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများအား ကူညီထောက်ပံ့ခြင်း ၊ စိုး မိုး နယ်မြေအတွင်း ပျက်စီးဆုံးရှုံးသူများအား ကူညီထောက်ပံ့ခြင်း ၊ စကစ ထိန်းချုပ်နယ်မြေအတွင်းရှိ ငလျင်ဘေးဒဏ်သင့်သူများအား တတ်အားသရွေ့ ကူညီပေးခြင်း ၊ သောက်သုံးရေး ရရှိအောင် ကြိုး ပမ်းနေခြင်း ၊ ဆေးဝါးကုသမှုများ ပေးခြင်း ၊ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးခြင်း ၊ အလှူ ငွေများ စုဆောင်းခြင်း၊ ငလျင်ဘေးဒဏ်သင့် မှတ်တမ်းမှတ်ရာများ စာရင်းပြုလုပ်ကာ တင်ပြခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

သောက်သုံးရေ ရရှိရေးအတွက် မြစ်ရေတင်စီမံချက်ချ၍ လုပ်ဆောင်လျက်ရှိပြီး လက်တလော​ ရေ သန့်စက်တစ်လုံး စီစဥ်၍ လိုက်လံဖြန့်ဝေ ဆောင်ရွက်နေကြောင်း၊ အတွင်းဝန်အနေဖြင့် အစိုးရက ငလျင်ဘေးဒဏ်သင့်သူများအတွက် ထောက်ပံ့ဆောင်ရွက်ပေးနေခြင်းများ၊ နိုင်ငံတကာ ကူညီပေး မှုများ ရရှိအောင် ကြိုးပမ်းမှုများ၊ နိုင်ငံတကာမှ ပေးအပ်သည့် ကူညီကယ်ဆယ်ရေး အထောက်အပံ့ ပြုပစ္စည်းများ သယ်ယူနိုင်ရေး၊ ငွေကြေးသုံးစွဲမှုများကို စနစ်တကျထားပြီး ပွင့်လင်းမြင်သာမှုရှိရှိ စီမံ ဆောင်ရွက်ကြနိုင်ရေး၊ ပြည်သူများနှင့်တွေ့ဆုံ ရရှိထားသည့် လက်တလောလိုအပ်ချက် (၅) ရပ်ကို အဓိက ဦးစားပေးဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *