Poem

0 0
Read Time:1 Minute, 1 Second

ကဗျာကဏ္ဍ “လူ့မိစ္ဆာ”

 

ပျိုးကြဲလက်

 

ပြည်သူရဲ့ အစိုးရ

တောက်ပတဲ့ အမြော်မြင် ။

 

ရင်ဆိုင်မယ် သဘာဝဘေး

မျှော်တွေးဆင်ခြင် ။

 

ကပ်ဘေးနဲ့ ကြုံခဲ့ရင်

အလျှင်အမြန် ကယ်နိုင်ရေး ။

 

ပြည်သူတွေ အသက်မဆုံးအောင်

သုံးစွဲခဲ့သေး ။

 

မေတ္တာတော် အထပ်ထပ်နဲ့

ရဟတ်ယာဉ်လည်း ဝယ်သကို ။

 

ဘေးကြုံရင် အမြန်ထွက်ပေါ့

သက်ဆက်ကယ်လို ။

 

လူသတ်ကောင်တို့ အဂတိဆို

စေတနာကို စော်ကား ။

 

ပြည်သူမှာ ဒုက္ခမစဲတယ်

ဉာဏ်နည်းလှသား ။

 

ကျည်မျိုးစုံနဲ့ ဗုံးအမြောက်

လိုသလောက် ရစေ့မယ် ။

 

အသက်ကယ်ဖို့ ဝေလာဝေး

ပိတ်ပင်သေးတယ် ။

 

ဖြတ်စားမယ့် အကြံရယ်

ခွက်ခေါက်မယ် တိုင်းတပါး ။

 

လူ့မိစ္ဆာ

ပြည့်ကျိန်စာ တမူထူးအောင်

စူးကြစေသား ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀-၂၅ ခုနှစ်၊ ဧပြီလ ၁ ရက် ညနေ ၄ နာရီ ၃၆ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *