စစ်ကောင်စီတပ်က နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာသော် လည်း နောင်ချိုမြို့နယ်တွင် ဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး နေအိမ် ၂ လုံးပျက်စီး
သံလွင်မြန်မာသတင်း
ဧပြီလ ၁
စစ်ကောင်စီတပ်သည် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာ သော်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နောင်ချိုမြို့ နယ်၊ တောင်လှရွာ နှင့် ဂေါ်ရခါးရွာကို ဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၁ ရက် နံနက် ၁၁ နာရီခန့်က နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာ ကြားရှိ တောင်လှရွာ ၊ဂေါ်ရခါးရွာကို ဒရုန်းဖြင့် ၁ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ ရာ ဒေသနေပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရ သည်။
ယမန်နေ့ မတ်လ ၃၁ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ၁၂၀ မမ ဗုံးသီးသယ်ဆောင်လာသည့် ဒရုန်းဖြင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို ကြဲချတိုက်ခိုက်ခဲ့သေးသည်။
အလားတူ မတ်လ ၂၈ ရက်နေ့ကလည်း ပြင်းအား ၇.၇ ရှိသည့် မြေငလျင်လှုပ်ခတ်ချိန် မွန်းလွဲ ၁ နာရီ တွင် နောင်ချိုမြို့နယ် ၊ နောင်လင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ နေအိမ် ၃ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရ သည်။
မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် အဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာသော်လည်း အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ၍ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင်း TNLA က ပြောဆိုထားသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန် နှင့် လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်း လမ်းများကို လိုက်နာဆောင်ရွက်ပေးကြပါရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media