Sagaing News

0 0
Read Time:3 Minute, 44 Second

စစ်ကိုင်းမြို့ပေါ်တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို စစ်ကောင်စီတပ်က ရှာဖွေကယ်ဆယ်ခွင့် မပေးပဲ ပိတ်ပင်ထားသဖြင့် အပုတ်နံ့များထွက်နေပြီး ဆက်လက်တားဆီးပိတ်ပင်နေမည်ဆိုပါက လုပ် သင့်လုပ်ထိုက်သည်များကို ဝင်ရောက်လုပ်ဆောင်သွားမည်ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို စစ်ကောင်စီတပ်က ရှာဖွေ ကယ်ဆယ်ခွင့် မပေးပဲ ပိတ်ပင်ထားသဖြင့် အပုတ်နံ့များ ထွက်နေပြီး ဆက်လက်တားဆီးပိတ်ပင်နေ မည်ဆိုပါက လုပ်သင့်လုပ်ထိုက်သည်များကို ဝင်ရောက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လင်းယုန် ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်တွင်လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း မြို့ အတွင်း၌ ပြည်သူများ၏ အသက်အိုးအိမ်များ ပစ္စည်းများ၊ ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးသွားခဲ့သော အဆောက်အအုံများအတွင်း၌ ပိတ်မိနေသော ပြည်သူများကို ရှာဖွေကယ်ဆယ် ရေး ပြုလုပ်ရန်နှင့်၊ သေဆုံးသွားသော ပြည်သူများ၏ Dead body များအား ရှာဖွေကယ်ဆယ်ရန် လာရောက်ကြသော ပရဟိတအသင်းများအား လုပ်ဆောင် ခွင့်မပေးဘဲ စစ်ကောင်စီ နှင့် စစ် ကောင် စီလက်အောက်ခံ အဖွဲ့အစည်းများမှ ပြန်လွှတ်နေခြင်းများပြုလုပ်နေကြောင်း သိရသည်။

“စစ်ကိုင်းမှာ စခတွေက ပရဟိတသမားတွေ တော်တော်များများကို လုပ်ခွင့်မပေးပဲ ပြန်လွှတ်နေတာ၊ အခုဆိုရင် အခြေအနေက တော်တော်ဆိုးနေပြီ။ ပြိုကျတဲ့အိမ်တွေထဲ ပိတ်မိနေတဲ့ အလောင်းတွေဆို မထုတ်နိုင်သေးတော့ တချို့နေရာတွေမှာ အပုပ်နံ့တွေပါ အတော်ထွက်နေပြီ။ သူတို့ကိုယ်တိုင်လည်း ဘာမှ မလုပ်ကြဘူး။ ကယ်ဆယ်ရေးလာလုပ်မယ့်အဖွဲ့တွေကိုလည်း အမျိုးမျိုးခြိမ်းခြောက်ပြီး ပြန် လွှတ်နေတာပါ” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

စစ်ကိုင်းမြို့အတွင်းရှိ ရှာဖွေကယ်ဆယ်ရးလုပ်ငန်းကိစ္စ အဝဝ ကို စစ်ကောင်စီနှင့် စစ်ကောင်စီလက် အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ယူလုပ်ဆောင်ပေးခြင်း မရှိလျှင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ လုပ်ဆောင်ရန် ရောက်ရှိလာသော ပရဟိတအသင်းများနှင့် volunteer လူငယ်၊ ပြည်သူများအား တားဆီးပိတ်ပင်ခြင်း လုံးဝ မပြုလုပ်ရန်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား အေးချမ်းစွာ လုပ် ကိုင်ခွင့်ပေးရန် လင်းယုန်ညီနာင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အာက်ခံ အဖွဲ့အစည်းများမှ ဆက်လက်၍ တားဆီးပိတ်ပင်ခြင်းများ ပြုလုပ်နေမည်ဆိုပါက ဝမ်းနည်းဖွယ်ရာ အဖြစ် အပျက်များကြားမှ လုပ်သင့် လုပ်ထိုက်သည်ကို ရှေးရှု ၍ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းပါမည်ဖြစ်ကြောင်း လင်းယုန်ညီနာင် ပြောက်ကျားတပ်ဖွဲ့၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *