Poem

0 0
Read Time:58 Second

ကဗျာကဏ္ဍ “ကျွန်ခေတ်”

 

ပျိုးကြဲလက်

 

ပြည့်သူပုန် မာန်ကြွလို့

ဒဏ်ရတဲ့ ပြည်သူ

မဟန်ပါ့ ဤဇမ္ဗူဝယ်

ခွေးလိုလူ တောက်ကြွား ။

 

ခြောက်လှန့်လို့ ပြည်ထူမယ်

ညီတူတယ် လူယုတ်မာများ ။

 

အာဏာရှင့် အောက်မှာကွယ်

ဖောက်လာတယ် တရား ။

 

ကျင်ငယ်ရေ ငံသားမို့

တံတားလည်း ကျိုးမူ ။

 

ဆည်မြောင်းပင် ကြွက်စားလို့

ပျက်စီးအား ကြီးစေတဲ့သူ ။

 

စစ်ကျွန်ခေတ် ကြာရှည်ရင်

နာကြေမယ် ပြည်ကြီးက

စည်တီးလို့ တည်မယ်ဆို

တိုက်ထုတ်ပါ့ကို ။

 

လက်နက်ပြ ဆိုးယုတ်လိုရင်

မျိုးပြုတ်ကို ရှင်းပါကွယ့်လေး ။

 

ပြည်သူတို့ အသက်တိုတယ်

ကျွန်ခေတ်ကို သိမ်းကြကွယ်လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *