Mandalay News

0 0
Read Time:3 Minute, 16 Second

အမရပူရ ဘုံးအိုးကျေးရွာ ကျေးရွာတွင် မြေငလျင်ကြောင့် ဗလီ ၃ လုံးပြိုကျပြီး လူသေဆုံးမှုအလွန် များပြားကာ တူးဖော်ရန် စက်ယန္တရားအကူအညီ လိုအပ်နေ

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁

 

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဗုံးအိုးကျေးရွာတွင် မြေငလျင်ကြောင့် ဗလီ ၃ လုံး ပြိုကျပြီး လူ သေဆုံးမှုအလွန်များပြားကာ ဆက်လက်တူးဖော်ရန် စက်ယန္တရား အကူအညီလိုအပ်လျက်ရှိကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။

 

မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်က လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် အမရပူရ မြို့နယ်၊ ဘုံးအိုးကျေးရွာရှိ ယက္ကန်းတော် မြောက်ဗလီ ၊ အလယ်ဗလီ ၊ သံပုရာခြံ ဗလီ တို့အတွင်း၌ ပြည်သူများ ဘုရားဝတ်ပြုနေစဉ် ပြိုကျခဲ့ရာ အဆောက်အအုံအောက် ပိမိနေသူ အလွန်များပြားပြီး  ဆက်လက်တူးဖော်ရှာဖွေနိုင်ရန် အကူအညီများလိုအပ်လျက်ရှိကြောင်း ၊  တူးဖော်ရရှိထားသည့် ရုပ်အလောင်းများကို ကျင်းတစ်ကျင်းလျှင် အလောင်း ၅ လောင်းထည့်ကာ မြှုပ်နှံ့သင်္ဂြိုလ်ပေးနေရ ကြောင်း သိရသည်။

“ဗလီ ၃ လုံးပြိုတယ်။ ၃ လုံးစလုံးက မြေစာပုံလိုဖြစ်သွားတာ။ ၂ လုံးက လူအသေအပျောက် အရမ်း များတယ်။ အခုချိန် အထိ ဖော်နေရတယ်။ ဖော်သလောက်လည်း အလောင်းတွေက ထွက်လာတယ်။ နောက်ဗလီ ၁ လုံးကဆို ရင်အမျိုးသမီးတွေ အရမ်းထွက်လာတယ်။ အမျိုးသားတွေကတော့ ဟိုး အောက်ထဲမှာ အဲဒါတွေ တူးဖော်ဖို့ စက်တွေ လည်းလိုနေတယ်။ ကယ်ဆယ်ရေးတွေ အရမ်းလိုအပ် နေသေးတယ်။ သေဆုံးသူအားလုံးက ဗလီတွေထဲမှာ ချည်းပဲ။ တောက်လျှောက်ဖော်နေတာ၊ ရွာထဲ မှာ လည်း အပုတ်နံ့တွေက ထွက်နေပြီ ၊ လူအင်အားမလုံတော့ ကူညီ ကယ်ဆယ်ရေးတွေက တအား မတွင်ကျယ်ဘူး၊ အဲဒါကြောင့်အမြန်ဆုံး အကူအညီ တွေရစေချင်တယ်။ အလောင်းတွေကလေ အနံ့ တွေ ပါတော် တော်ထွက်နေတယ်။ သေဆုံးသူတွေက အရမ်းများတော့ ကျင်းကြီးတွေတူးပြီး လူ ၅ ယောက်စီမြှုပ်နေရတယ်”ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ငလျင်ဒဏ်သင့်ခဲ့သည့် ဘုံးအိုးကျေးရွာတွင် လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ပြီး ငလျင်ဘေးဒဏ်မှ လွတ်မြောက်လာသူများကို ဘောလုံးကွင်းထဲတွင် ယာယီ တဲထိုးကာ နေရာချပေးထားကြောင်း၊ အရေးပေါ်သောက်သုံးရေ၊ ဆေးဝါးနှင့် အစားအသောက်များ လိုအပ်လျက်ရှိပြီး မိဘပြည်သူများ အနေဖြင့် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

 

ကူညီကယ်ဆယ်ရေးမျာအနေဖြင့် မြစ်ငယ် -စစ်ကိုင်းလမ်းကြား သူငယ်တော် ၊ လက်ပန်ဇင် ဘက်မှ ဘုံးအိုးကျေးရွာကို တိုက်ရိုက်ဝင်ရောက်နိုင်ကြောင်း စစ်ကိုင်း -မန္တလေးကုန်သွယ်ရေးလမ်းမှ သံလမ်း အထိ လမ်းပိတ်ထားသောကြောင့် ကူညီပေးမည့်သူများအနေဖြင့် ဆရာဆဒန် Ph no – 09 400 38 78 66 / 09 987 788 893 ကို ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *