Jail News

0 0
Read Time:1 Minute, 55 Second

အိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် အအောက်အအုံပြိုကျပြီး သေဆုံးသူ ၁၂ ဦးသေဆုံးဟု PPNM ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁

 

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံများ ပြိုကျကာ ထိခိုက်သေဆုံးသူ ၁၂ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

 

မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းမြေလျင်ကြောင့် မန္တလေး မြို့၊ အိုးဘိုအကျဉ်းထောင်အတွင်းရှိ အမျိုးသားအဆောင် အလုပ်ရုံပြိုကျခဲ့ပြီး အမျိုးသား ၁ ဦး သေ ဆုံးကာ ၁ ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ ထို့အပြင်အဆောင်များအကြား ကာရံထားသည့် အုတ်ရိုးများလည်း ပြိုကျမှုရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အမျိုးသမီး အဆောင် ၁ နှင့်အ‌ဆောင် ၂ ပြိုကျပြီး အမျိုးသမီး အနည်းဆုံး ၂ ဦးသေဆုံး သည်ကို အတည်ပြုချက်ရရှိထားကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်း အတည်ပြုထား သည်။

 

လက်ရှိအချိန်အထိ ငလျင်ကြောင့် အကျဉ်းသား၊ ဝန်ထမ်း ခွဲခြားမရပဲ ထိခိုက်သေဆုံးသူ ၁၂ ဦး ရှိသည်ဟု အတည်ပြုချက်ရရှိထားပြီး ထပ်မံအတည်ပြုရန်ကြိုးစားလျက်ရှိကြောင်း PPNM က ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီက ထုတ်ပြန်ထားသည့် ငလျင်ကြောင့်သေဆုံးထိခိုက်ဒဏ်ရာရသူစာရင်းတွင် အကျဉ်း ထောင်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို ထည့်ပေါင်းထားခြင်းရှိ ၊ မရှိ မေးခွန်းထုတ်ရန် လိုအပ် လျက်ရှိကြောင်း အသိပေးထားထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *