Read Time:58 Second
ကဗျာကဏ္ဍ “ရွာလည်တဲ့ဖူးစာ”
ပျိုးကြဲလက်
ကံကြမ္မာ ဂြိုဟ်စီးသမို့
ကိုကြီးနဲ့ လွဲပြီ
တကိုယ်တည်း မယူမီကွယ်
ကလူကျီ စယ်သေး ။
ချစ်လွန်းလို့ မြင်ချင်တယ်
သူခင်တွယ် နွဲ့တတ်ပုံလေး ။
ဆုံတွေ့ခိုက် ကမ်းကုန်ရင်
တကယ်
ဂျမ်းဘုံမှာ ရှက်သွေး ။
ဖူးစာကြုံ ဆုံပေးပေါ့
ထုံမွှေးကြော့ စောင့်မျှော် ။
ကိုကြီးမှာ လမ်းထိပ်က
ဖမ်းကြိတ်လို့ စစ်မှုထမ်းခေါ် ။
ရှေ့တန်းမို့ သေပျော်ရင်ကွယ်
နေတော်မူ မော်စမ်းပေါ့
ဪလွမ်းလို့ ကြင်မယ်ဆို
ပြေးထွက်ခဲ့ကို ။
ကျွန်ခံက နောက်လူကြိုမယ်
ပီဒက်ကိုကို ခေါ်လှည့်ကွယ့်လေး ။
လှသွေးကြွ ကညာပျိုရယ်
တော်လှန်ကိုကို ချစ်ကြကွယ်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မတ် ၂၆ ရက် ညနေ ၃ နာရီ ၅၈ မိနစ်
Thanlwin Myanmar Media