နေပြည်တော်တပ်နယ်တွင် ငလျင်ကြောင့် ထိခိုက်သေဆုံးသူ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိ ၊ စစ်ရုံးချုပ်နှင့် ဥမင်လှိုင်ခေါင်းတို့လည်း ထိခိုက်ပျက်စီး
သံလွင်မြန်မာသတင်း
မတ်လ ၃၁
အကြမ်းဖက်စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နယ်တွင် စစ်ကိုင်းငလျင်ကြောင့် ထိခိုက် သေဆုံး သူ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိခဲ့ပြီး စစ်ရုံးချုပ်နှင့်ဥမင်လှိုင်ခေါင်းတို့လည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။
မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းမြေငလျင်ကြောင့် အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် တပ်နယ်တွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော် ဆုံးခဲ့ပြီး စစ်ကောင်စီ၏ စစ်ရုံးချုပ်အပါအဝင် တပ်ရင်း ခမရ ၃၀၃ ၊ ခမရ ၃၀၅ ၊ လျှိုဝှက် ဥမင်လှိုင် ခေါင်းတို့အပါအဝင် အမြောက်အများပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
“နေပြည်တော် တပ်နယ်အတွင်းမှာ စုစုပေါင်း သေဆုံး ၁၀၀ အထက်မှာရှိပါတယ်။ဒုချုပ်စိုးဝင်းရဲ့ ဒုတိယအရန်တပ်ဖြစ်တဲ့ ခမရ ၃၀၃ သေဆုံး ၆ ယောက်၊ ဒဏ်ရာရ(စိုးရိမ်ရ) ၂၇ ယောက် ဖြစ်ပါ တယ်။မ အလရဲ့ ကိုယ်ရံတော်တပ်ဖြစ်တဲ့ ခမရ ၃၀၅ ကတော့ အုပ်ချုပ်မှုနဲ့ လူနေအဆောက်အဦး အားလုံးပြို ကျပျက်စီးသွားတာကြောင့် အုပ်ချုပ်မှုရုံးလုပ်ငန်းတွေကို သစ်ပင်အောက်မှာ လုပ်ကိုင် ဆောင် ရွက်နေကြရပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောဆိုထားသည်။
ထိုသို့ အမြောက်အများ ပြိုကျရခြင်းမှာ ဘိလပ်မြေခိုးယူမှုများကြောင့်ဖြစ်ပြီး Global 38 အဆင့် ရှိ စစ်ရုံးချုပ်တွင် ၅၀ ရာခိုင်နှုန်း ပြိုကျပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား မိသားစုဝင်များကို တစ်အိမ်ထောင်လျှင် ဘာလချောင်ကြော် ၂ ဗူးခွဲနှုန်းဖြင့် ဝေငှပေးထားကြောင်း သိရသည်။
ကူညီကယ်ဆယ်ရေးအတွက် မန္တလေးတိုင်းကို မင်းအောင်လှိုင် ၊ စစ်ကိုင်းတိုင်းကို ဒုချုပ် စိုးဝင်း နှင့် နေပြည်တော်ကိုကို ကစထမှူးနှင့်နေပြည်တော် တိုင်းမှူးတို့က တာဝန်ယူထားကြောင်း သိရသည်။
မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် စစ်ရေးပအခမ်းအနားကွင်းတွင်လည်း မြေကြီးများ ကွဲထွက် ကာ ချော်ရည်များထွက်များထွက်နေကြောင်း ၊ စစ်ရေးပြမုဒ်ဦးပြိုကျမှုအတွင်း အမျိုးသမီး အရာရှိ ၁ ဦး သေဆုံးသွားကြောင်း သိရသည်။
“အသေချာဆုံးကတော့ စစ်ရုံးချုပ်ထဲက လျှို့ဝှက်ဥမင် လှိုဏ်ခေါင်း ပြိုကျပျက် စီးသွားခြင်းပဲဖြစ်ပါ တယ်။ မနေ့က ပျဉ်းမနား အခြေစိုက် ခလရ ၈၅ ကို တိုင်းမှူး လာစစ်တော့ တပ်ရေးဗိုလ်ကြီးလုပ်သူ က တပ်ပြင် ထွက်မကြိုလို့ စစ်တိုင်းမှူးလုပ်သူ က မိုးမွှန်အောင် ဆဲ-သွားပါတယ် ။ငလျင်လှုပ်လို့ ဒု-က္ခ ရောက်နေပါတယ်ဆိုမှ ယူနီဖောင်းကြီးဝတ်ပြီး ဟန်ရေးပြနေရမလား ။ “အရပ်ဝတ်တွေနဲ့ မင်း တို့ပဲ သာယာတယ်” လို့ စစ်တိုင်းမှူးက ပြောသွား ပုံထောက်ရင် နေပြည်တော်နဲ့ အနီးတဝိုက် စစ်ရုံး ချုပ်ကို ဗဟိုပြု၍ မသာယာတော့ ဘူးဆိုတာပဲ ဖြစ်ပါတယ်။” ဟု ဗိုလ်ကြီးဇင်ယာ်က သုံးသပ်ပြထား သည်။
Thanlwin Myanmar Media