KNDF News

0 0
Read Time:1 Minute, 17 Second

လွိုင်ကော် -ဆီဆိုင်လမ်းပေါ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာမှုကြောင့် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦး သေဆုံး ၊ လက်နက် ၁ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

မတ်လ ၃၁

 

ကရင်နီပြည် ၊ လွိုင်ကော် -ဆီဆိုင်လမ်းမကြီးပေါ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNDF ဗျူဟာ အမှတ် ၂ က ထုတ်ပြန်ထားသည်။

 

မတ်လ ၂၉ ရက် နေ့က လွိုင်ကော်-ဆီဆိုင်လမ်းမကြီး သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ် ဖွဲ့ကို KNDF ဗျူဟာအမှတ်- ၂ ရဲဘော်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိကာ ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများလည်းရှိကြောင်း သိရ သည်။

 

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးအား စစ်ရေးတင်းမာမှုများကြောင့် ပိတ်ထားဆဲဖြစ်ပြီး အများပြည်သူ များ အနေဖြင့် စစ်ရေးသတိရှိစွာထား၍ မိမိတို့လုံခြုံရေးအား အထူးဂရုစိုက်ကြပါရန် KNDF အမှတ် ၂ ဗျူဟာက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *