ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်နေသော ခရိုင်များအတွင်း ထိုးစစ်အားလုံး ၂ ပတ်ကြာရပ်နား မည်၊ စစ်ကောင်စီထိန်းချုပ်မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက CDM ကျွမ်းကျင်ဝန်ထမ်း များအနေဖြင့် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်ပေးမည်ဟု NUG ကြေညာ
သံလွင်မြန်မာသတင်း
မတ်လ ၃၀
ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်နေသော ခရိုင်များအတွင်း ထိုးစစ်အားလုံး ၂ ပတ်ကြာရပ်နား မည်ဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက CDM ကျွမ်းကျင်ဝန် ထမ်းများအနေဖြင့် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင် ရွက်ပေး မည်ဖြစ်ကြောင်း NUG အစိုးရက ကြေညာလိုက်သည်။
မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်လွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ ၊ စစ်ကိုင်းမြို့ ၏ အနောက်မြောက်ဘက် ၁၆ ကီလိုမိတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန် အင်အားပြင်း သော ငလျင်(ငလျင် အတန်းအစားအရ-ငလျင်ကြီး Major Earthquake) နှင့် နောက်ဆက် တွဲငလျင် ငယ်များ လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ တို့တွင် အိမ်နှင့်အဆောက်အအုံများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြို ကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ အရေးပေါ် ကယ်ဆယ်ကုသမှုပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အိမ်၊ အဆောက်အဦနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေ သည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေး သင့်သည့် ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ် ရေး တပ်မတော်အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက် နေ့မှ စတင်ကာ ဧပြီလ ၁၂ ရက်နေ့အထိ နှစ်ပတ်ကြာရပ်နားထားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အနေဖြင့် ငလျင် ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးကူညီ ဆောင်ရွက်ရန် ဖိတ်ခေါ်တိုက်တွန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင် ရွက်ရန် အတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ်ကုသရေးစခန်းများ ဖွင့်လှစ် ရေး တို့ကို တာဝန်ယူပူးပေါင်းဆောင်ရွက်မည်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သော မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော CDM ကျွမ်းကျင်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်၍ ငလျင်ဘေးသင့် ပြည်သူ များအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ကြောင်း ဆက်လက် အသိပေးထားသည်။
နိုင်ငံအဝှမ်း ငလျင်ဘေးသင့်ပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေရှိ ငလျင် ဘေးသင့် ပြည်သူများအား ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကနဦးတွင် အမေရိကန်ဒေါ်လာ (၁)သန်း လျာထားသုံးစွဲ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ အ ရပ်ဖက်အဖွဲ့ အစည်းများနှင့် အတူလက်တွဲကာ “ပြည်သူမှ ပြည်သူသို့ အစီအမံ” ဖြင့်ကူညီကယ်ဆယ် ရေး လုပ်ငန်းများကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့်လည်း ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ် ကူ ညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေး အင်အားစုများနှင့် အစွမ်းကုန် ကူညီပူးပေါင်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းထုတ်ပြန်ထားသည်။
Thanlwin Myanmar Media